ပြည်မြို့က နွားနှစ်ကောင် ဓာတ်လိုက်သေဆုံး


လမ်းပေါ်မှာ လမ်းလျှောက်တဲ့အခါ ကားကို ရှောင်ရမှာလား၊ ဓာတ်ကြိုးကို ရှောင်ရမှာလားဆိုပြီး မေးရမယ့် အခြေအနေတချို့ ဖြစ်ပေါ်နေပါပြီ။

မီဒီယာပွင့်လင်းမှုများလာတဲ့ဒီနေ့ခေတ်မှာ ဓာတ်ကြိုးပြတ်ကျလို့ ဓာတ်လိုက် သေဆုံးတဲ့သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတဲ့အကြောင်း ပြည်မြို့အခြေစိုက် သတင်းထောက် ကောင်းမြတ်မင်းက သတင်းရေးသားပေးပို့ထားပါတယ်။

ဝါဆိုလပြည့် သောကြာနေ့က ပြည်မြို့ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာအရှေ့ပေါက် မြတ်လေးရုံ ဘုန်းတော်ကြီး ပညာသင်ကျောင်းအနီး လမ်းမပေါ်ကို လျှပ်စစ်မီးကြိုး ပြတ်ကျရာမှာ အဲဒီနေရာ ရောက်နေတဲ့ ဖီရှန်နို့စားနွား (၂)ကောင် ဓာတ်လိုက်သေဆုံးသွားပါတယ်။ အပေါ်ပုံကတော့ အဲဒီနွားနှစ်ကောင်ရဲ့ရုပ်အလောင်းကို အငှားယာဉ်ငယ်နဲ့ သယ်ဆောင်သွားတော့မယ့်ပုံပါ။

ဒီဖြစ်ရပ်ကြောင့် မြို့နယ်လျှပ်စစ်ရုံးက လျော်ကြေးပေးမယ်လို့ ပြောဆိုထားကြောင်း နွားပိုင်ရှင် ဒေါ်ခင်မြင့် က ရှင်းပြပါတယ်။

“အန်တီတို့ကို လျှပ်စစ်က အတက်နိုင်ဆုံး ကူညီပံ့ပိုးပေးပါ့မယ်လို့ပြောတယ်။သူတို့ပေါ့ဆမှုလေ။ မိန်းကြိုး ကြီးဖြစ်တဲ့အတွက် ပျက်ကျတာနဲ့ချက်ခြင်း ဓာတ်လိုက်သေခဲ့ရတာ။ ခါတိုင်းဆို အမျိုးသားက
နွားနောက်ကနေ လိုက်တယ်။ ဒီနေ့ နောက်က မလိုက်လို့ တော်သေးတာပေါ့။လူသာဆိုရင် မတွေး ရဲတော့ဘူး။ သူတို့ဓာတ်တိုင်က ဓာတ်ကြိုးမကောင်းဘူးကောင်းတယ်ဆိုတာ သူတို့စစ်ရမှာ။ အခုသူတို့ ဘက်က တန်ရာတန်ကြေးရဲ့တဝက်လောက်ကို အနစ်နာခံဖို့တော့ ပြောထားတယ်” သေဆုံးသွားတာတွေ ဟာ ခက်ခက်ခဲခဲ မွေးမြူခဲ့ရတဲ့ နို့စားနွားတွေဖြစ်တယ်လို့ ပိုင်ရှင်က ဆက်ပြောပါတယ်။

“နွားက သိတဲ့အတိုင်း ဈေးလည်းကောင်းတယ်။ နွားတကောင်ဖြစ်ဖို့အရေးကြိုးကြိုးစားစားမွေးခဲ့ရတာ။ ဒုက္ခလည်းရောက်ပါတယ်။ ခိုင်းနွားလည်းမဟုတ်ဘူး၊နို့စားနွား၊ နိုင်ငံခြားနွားဆိုတော့ အဖိုးလည်းတန်ပါ တယ်။ အန်တီတို့က နွား(၂)ကောင်လုံးမှ (၂)သိန်းပဲ လျော်ကြေးပေးဖို့ တောင်းထားတာပါ။အန်တီတို့ လည်း တဝက်ခံမယ် မျှမျှတတလုပ်မယ်ဆိုရင် အမှုလည်း မလုပ်ဘူးဘာမှ မလုပ်ဘူး” အခုလိုဓါတ်ကြိုး ပြက်ေ တာက်မှု မဖြစ်ပွားခင် (၂) ရက်ခန့်ကမြို့နယ်လျှပ်စစ်ရုံးသို့ လာရောက် ပြင်ဆင်ပေးရန် အကြိမ်ကြိမ်
သွားရောက်အကြောင်းကြားခဲ့တယ်လို့ ရွှေဟင်္သာရပ်ကွက်ရာအိမ်မှူး ဦးသူရဦးက ပြောပါတယ်။

“ကျနော်တို့ပြောချင်တာကတော့ ဒီလျှပ်စစ်ကိုပဲ အဲဒိကြိုးလျော့နေတုန်းကလည်းသူတို့ သွားအကြောင်း ကြားတယ်တဲ့။ ဖုန်းလည်း ဆက်တယ်၊ လူကိုယ်တိုင်လည်းသွားအကြောင်းကြားတာကို လာမလုပ် ဘူး။ ဖြစ်နိုင်ရင် သူတို့ဘက်က အရေးကြီးရင်ကြီးသလို လာလုပ်ပေးစေချင်ပါတယ်။ ရပ်ကွက်ထဲမှာ
အခုချိန် ကျောင်းပိတ်ရက်ဖြစ်နေလို့တော်သေးတယ်။ ကျောင်းဖွင့်ရက်ဆိုအန္တရာယ် တော်တော်များပါတယ်” ပြည်မြို့ပေါ်တွင် လိုက်လံစစ်ဆေးပြီး အမြန်ဆုံးပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်းပြည်မြို့နယ်လျှပ်စစ်ထုတ်လုပ်ရေး မှ မြို့နယ်အင်ဂျင်နီယာ ဦးသန်းဇော်ဦးကဧရာဝတီကို ပြောပါတယ်။

အခုလို မတော်တဆမှုကြောင့် နစ်နာသူများကိုလဲ လျော်ကြေးပေးခဲ့ပြီဖြစ်ကြောင်းလည်း သူက ရှင်းပြပါ တယ်။

“ကျနော်တို့ ယရကရော ရပ်ထောက်ကူအဖွဲ့တွေရော ပိုင်ရှင်မိသားစုနဲ့ဖြေရှင်းပေးလိုက်ပါပြီ၊ ကျနော် တို့ မြို့မှာ ဓါတ်ကြိုးတွေပြင်မယ်ဆိုရင်ပြင်စရာလေးတွေတော့ ရှိတာပဲ။ အဲဒါတွေကလည်း ကျနော်တို့
စီစစ်ပြီး တင်ပြသွားမှာပါ။ ပြင်ရမှာက အခုမှပြင်ရမှာမဟုတ်ဘူး။ဓါတ်ကြိုးမှ မဟုတ်ပါဘူး။ ဒီလိုပစ္စည်းတွေက သက်တမ်းကြာလာတာနဲ့အမျှအဲဒိလိုမျိုးကတော့ ဖြစ်နေမှာပဲလေ” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ် အတွင်းမှာလည်း လျှပ်စစ်ဓါတ်ကြိုးပျက်ကြမှုကြောင့်အမျိုးသမီးသုံး ဦး တနေရာတည်းမှာ တပြိုင်နက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ပြည်မြို့နယ်မှာတော့ အခုလိုဓါတ်ကြိုးပျက်ကျမှုဖြစ်ပြီး အသက် ဆုံးရှုံးမှု ဖြစ်ပွားတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။

ကောင်းမြတ်မင်း

မှတ်ချက်များ