မြန်မာနိင်ငံမှာ လွတ်လပ်ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ် သက်ပြီး နောက်ပြန်လှည့်တဲ့ အနေအထားတွေ တွေ့ေ နရတဲ့အတွက် စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင် သစ်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ MJI သတင်းစာပညာသိပ္ပံကျောင်းဖွင့်ပွဲမှာ ပြင်သစ်သံအ မတ်ကြီး မစ္စတာမက်သီရူးက လက်လော သတင်းထောက်တွေအဖမ်းခံ တရားစွဲခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြင်သစ်သံအမတ်ကြီး မက်သီရူးက “မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်ဖော်ဆောင်နေပြီး မီဒီယာအနေနဲ့လည်း ဒီပြောင်းလဲမှုဖြစ်စဉ်မှာ အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်ခဲ့တယ်။ ၂၀၀၇ ခုနှစ်ကထက်စာရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေလည်း တိုးတက်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက် ပြီး စိုးရိမ်စရာ အခြေအနေတွေ တွေ့လာရတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ က ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်နဲ့လည်း မကိုက်ညီပါဘူး။ ဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူလူထူနဲ့ နိုင်ငံတကာရဲ့ အမြင်မှာပါ အထင်လွဲခံရနိုင်ပါတယ်”လို့ ပြောပါ တယ်။
ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမှုတွေပြုလုပ်နေပြီး ဆီးဂိမ်းကာလအ တွင်းကလည်း ရွှေသံလွင်မီဒီယာဂရုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ ပါသေးတယ်။
အဲဒီပွဲကို ရောက်ရှိနတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီးကလည်း အစိုးရက ယူနတီသ တင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်နဲ့အလုပ်ကြမ်းတွေ ချမှတ်တဲ့သတင်း ကြားရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောဆိုခဲ့ပါတယ်။
MJI သတင်းထောက်အတတ်သင်သိပ္ပံကျောင်းကို ဇူလိုင်၁၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားရေး ကာလ တနှစ်ကြာမြင့်မှာဖြစ်သလို ငွေကြေးလိုအပ်ချက်အရ ကျောင်းလခ အနေနဲ့ တလ ကို ကျပ် ၇ သောင်းလောက် ကောက်ခံသွားမှာဖြစ်ပါတယ်။
အခုစတင်ဖွင့်လှစ်တဲ့အပတ်စဉ်မှာတော့ ကျောင်းသား ၁၅ ဦးကို အခမဲ့ အဖြစ် သင်ကြားပေးမှာဖြစ်ပြီး ဥရောပနိုင်ငံတွေက ပါဝင်ထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းမီဒီယာလောကမှာတော့ ယူနတီဂျာနယ်က အယ်ဒီတာ အပါအဝင် သတင်းထောက် ၅ ဦး ဖမ်းဆီးထောင်ချခံနေရပြီး အဲ့ဒါနဲ့ပတ်သက်လို့ သမ္မတကို အသံတိတ်ဆန္ဒပြခဲ့ကြတဲ့ သတင်းထောက် အယောက် ၅၀ လောက်ကိုလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မွန်းတည့်နေ ဂျာနယ်က သတင်းထောက်တွေ ကိုလည်း ပုဒ်မ ၅ နဲ့ တရားစွဲထားပါတယ်။
DVB

မှတ်ချက်များ