မေမေ့ကို ချစ်မ၀သေးတာကြောင့် တစ်ယောက်တည်းပါလို့ဆိုတဲ့ ဆန်းသစ်လရဲ့ ဖက်ရှင်နဲ့ မိတ်ကပ်အပြင်အဆင်



မော်ဒယ်တွေထဲမှာ ဆန်းသစ်လ ရယ်လို့ နာမည်တစ်ခုနဲ့ ရပ်တည်လာနိုင်ခဲ့တဲ့ သူမဟာ ခုဆိုရင် သရုပ်ဆောင်၊ မော်ဒယ် စတာတွေအပြင် မိခင်ဖြစ်သူ မေရွက်ဝါလိုပဲ အဆိုဘက်ကိုလည်း ကြိုးစား လုပ်ဆောင်ရင်း ပရိသတ်တွေရှေ့ သူမရဲ့အနုပညာကို ချပြသွားဦးမှာပါ။ မော်ဒယ်လည်းဖြစ်၊ သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ သူမရဲ့ ဖက်ရှင်၊ မိတ်ကပ်အပြင်အဆင်နဲ့ ပတ်သက်ပြီး သူမပြောပြပေးသွားတာကတော့

“ဖက်ရှင်ဆိုရင် ညီမက အငြိမ်လေးတွေနဲ့ ပိုလိုက်တယ်။ အ၀တ်အစားနဲ့ပတ်သတ်ရင် မေမေက အမြဲအကြံဥာဏ်ပေးပါတယ်။ ခုတလော ၀တ်ဖြစ်နေတာက ညီမက အတိုကြိုက်တော့ အတိုလေးတွေ ကတော့ အမြဲ ၀တ်ဖြစ်တယ်။ ခု အပြင်မှာ သတိထားမိတဲ့ ဖက်ရှင်ကတော့ ခါးလွတ်အကျီင်္လေးတွေ နောက် ပြီး ရှပ်အကျီင်္အပွနဲ့ ဘောင်းဘီတို အကျပ်လေးတွေ ၀တ်လာကြတာလို့ ထင်ပါတယ်။

မိတ်ကပ်ကိုတော့ မိတ်ကပ်ဆရာနဲ့ဆို အမျိုးမျိုးပြောင်းလိမ်းဖြစ်တယ်။ ကိုယ့်ဟာကို လိမ်းရင်တော့ မိတ်ကပ် ကို ပါးပါးပဲလိမ်းတယ်။ eye liner ဆိုးတာလောက်ပဲ လုပ်ဖြစ်တယ်။ cosmetics ဆို ညီမ The FaceShop ပဲ ပုံမှန် သုံးဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့ခါမှာလဲ ညီမက sexyပုံစံထက်ကို ခပ်မိုက်မိုက်ပုံလေးတွေဆိုရင်တော့ လုပ်ဖြစ်တယ်။ အရမ်း ကြီး မိုက်တဲ့ ပုံစံဆိုရင်တော့ ညီမနဲ့မလိုက်ဘူးပေါ့နော်။” လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ