အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ် မှာ နေထိုင်တဲ့ ဟေတန်ဟာ သမီးဖြစ်သူရဲ့ ဆန္ဒကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဟေ တန်ရဲ့ သမီးဖြစ်သူ အသက်ခုနစ်နှစ် အရွယ်ရှိ အီမီလီ ဟာ မင်းသမီးတစ်ဦး ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဟေ တန်ဟာ ကလေးသုံးဦးရဲ့ ဖခင်တစ်ဦးဖြစ်ပြီး သမီးဖြစ် သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံသစ်တစ်နိုင်ငံ ရှာဖွေမှု ပြုလုပ်ခဲ့ပါတယ်။
ဟေတန်ဟာ အီဂျစ်နဲ့ ဆူဒန် ကြားထဲမှာရှိတဲ့ Bir Tawil အရပ်ဒေသမှာ နိုင်ငံသစ်တစ်ခု တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဒေသမှာ တောင်တန်းတွေနဲ့ ကန္တာ ရတွေကလွဲပြီး ဘာမှမရှိတဲ့အပြင် အကျယ်အ၀န်းကလည်း စတုရန်းမိုင် (၈၀၀) သာရှိပါတယ်။ ဒီနေရာကို အီဂျစ်နဲ့ ဆူဒန်တို့ ပိုင်ဆိုင်ခြင်းမရှိဘဲ နှစ်ပေါင်း (၁၀၀) ကျော်နီးပါး အချုပ်အခြာအာဏာ ကင်းမဲ့နေတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။ ဒီနေရာကို ဟေတန်က သွားရောက်ခဲ့ပြီး ကိုယ်ပိုင်အလံနဲ့ နိုင်ငံသစ်တစ်ခု တည်ထောင် မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ကိုယ်ပိုင်အလံကို ဟေတန်ရဲ့ မိသားစုဝင်တွေက ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဟေတန်ဟာ ယခုလအစောပိုင်း သမီးဖြစ်သူရဲ့မွေးနေ့မှာ မင်းသမီးတစ်ဦး ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း သူ့ရဲ့အစီအစဉ် ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ဟေတန်ဟာ အီဂျစ် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကိုရယူပြီး အဲဒီဒေသကို သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ ဟေတန်ရဲ့အပြုအမူဟာ တရားဝင်မှုမရှိဘဲ ကန့်ကွက်မှုတွေ နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။ ဟေတန်ကတော့ သူ့ရဲ့က လေးတွေ အတွက် လုပ်နိုင် သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Messenger
.jpg)
မှတ်ချက်များ