ပြီးခဲ့တဲ့လက အီရတ်မြောက်ပိုင်းဒေသတွေကို သိမ်း ပိုက်ခဲ့ကြတဲ့ အိုင်အက်စ်အိုင်အယ်လ် တပ်တွေ ကာ့ဒ် လူမျိုးစု နယ်မြေတွေကိုပါ ဆက်လက်တိုက်ခိုက် လာနိုင်တာကြောင့် ကာ့ဒ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအ ဆင့် ဆက် လက်မြှင့် ထားကြပါတယ်။
အီရတ်မြောက်ပိုင်းရဲ့ အဓိကမြို့တော်ဖြစ်တဲ့ မိုဆူးလ်မြို့ကို အိုင်အက်စ်အိုင်အယ်လ်တပ်တွေ သိမ်းပိုက် လိုက်ကြ တယ်ဆိုပေမယ့် မြို့ရဲ့အရှေ့၊ အနောက်နဲ့ မြောက်ဖက်က ဆင်ခြေဖုံးဒေသတွေကို ကာ့ဒ်တပ်ဖွဲ့ ၀င်တွေက ထိန်းချုပ်ထားကြပါတယ်။
မိုဆူးလ် မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ ကာ့ဒ်လူမျိုး၊ အာရပ်လူမျိုး၊ တခ်လူမျိုးနဲ့ အခြားလူမျိုးစု ငယ်တွေ ရောထွေးနေထိုင်နေထိုင်နေကြပြီး အိုင်အက်စ်အိုင်အယ်လ်တပ်တွေက တခြား ဘာသာဝင်တွေနဲ့ အခြားလူမျိုးစုငယ်တွေကို ဖိနှိပ်မှုတွေ ပြုလုပ်လာပါတယ်။ ဒါကြောင့် မိုဆူးလ် မြို့ခံတွေ ကာ့ဒ်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရမြို့တော် အာဘယ်လ် ကို ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။
“အီရတ်နိုင်ငံမှာ ကျနော်တို့မိသားစုဘ၀တွေ ပျက်စီးကုန်ပါပြီ။ ကျနော့်တို့ရဲ့ခလေးတွေဆိုတာ တကယ်တော့ အီရတ်နိုင်ငံရဲ့အနာဂတ်ပါ။ အခုတော့ သူတို့ရဲ့အနာဂတ်ဆိုတာလည်း မရှိတော့ပါဘူး။ အားလုံးပျက်စီးသွားပါပြီ”လို့ မိုဆူးလ်မြို့က ထွက်ခွာလာတဲ့ ဒုက္ခသည်တဦးက ပြောဆိုပါတယ်။
အခုချိန်အထိတော့ အိုင်အက်စ်အိုင်အယ်လ်တပ်တွေနဲ့ ကာ့ဒ်တပ်တွေ ကြီးကြီးမားမားထိပ်တိုက် တွေ့တာ မရှိသေးပေမယ့် အချိန်မရွေး အဲ့ဒီအခြေအနေကို ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
အိုင်အက်စ်အိုင်အယ်လ်တပ်တွေဟာ အကြမ်းဖက် တွေဖြစ်ပြီး သူတို့အင်အားကြီးလာတာဟာ ကျနော်တို့အတွက်ရော၊ တကမ္ဘာလုံးအတွက်ပါ အန္တရာယ်ရှိလာပါတယ်လို့ ကာ့ဒ်အစိုးရပြောခွင့်ရ က ပြောဆိုခဲ့ပါတယ်။
DVB
ပင်မ
/
အိုင်အက်စ်အိုင်အယ်လ်တပ်တွေ တိုက်ခိုက်လာနိုင်မှုကြောင့် ကာ့ဒ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးတိုးမြှင့်

မှတ်ချက်များ