အရာဝတ္ထုတွေကို လေပေါ်မြောက်တက်စေတဲ့ သံလိုက်စားပွဲခုံ


သင် အကောင်းဆုံး၊ ဈေးအကြီးဆုံး စားပွဲစင် ပုံစံတွေမြင်တွေ့ဖူးပါလိမ့်မယ်။ဒါပေမဲ့ ဒီလိုစားပွဲမျိုး ကိုတော့ တွေ့ဖူးကြမှာ မဟုတ်ဘူးလို့ လောင်းရဲပါတယ်။ CLM စားပွဲစင်လုပ်ပုံစံကို သာမန်စားပွဲလို ပစ္စည်းထားဖို့ သက်သက်လောက်ပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ ထူးစမ်းတာက ပစ္စည်းကို လေပေါ် မှာရပ်နေအောင် ဖြစ်စေတဲ့အချက်ပါ။ အံ့သြစရာကောင်းတာတော့အမှန်ပဲ။

ဒီ သိပ္ပံပညာအသုံးပြုဖန်တီးမှုတွင် ဘယ်အရာဝတ္ထု မဆို လေပေါ်တွဲလောင်းဖြစ်စေ အောင် အလွန် အားကောင်းတဲ့ သံလိုက်အားစုစည်းမှုတစ်ခုကို အသုံးပြုထားပါတယ်။

အဲဒီ စားပွဲစင်ကို အောက်ခံအထိုင်နှင့် ပို၍သေးငယ်တဲ့ ရာဘာကွင်းလေးနှစ်ခု နှင့် ပြုလုပ်ထားပါတယ်။ ၎င်း အကွင်းပုံစံလေးကို အောက်ခံအထိုင်ပေါ်တင်လိုက်တဲ့အခါ နှစ်လက်မခန့် အပေါ်ကို မြောက်တက် သွားစေပြီး ဆန့်ကျင်ဘက် သံလိုက်အားကြောင့် လေပေါ်မှာ ရပ်တန့်သွားစေပါတယ်။

သင်သာမန်ထားနေကြပစ္စည်း တွေကို တင်ထားလို့ရပါတယ်။ ဒါပေမဲ့ အလေးချိန်အကန့်အသတ် ဖြစ်တဲ့ ၂.၂ ပေါင် ထက်လေးတဲ့ အရာဝတ္ထုတွေကို တင်လို့တော့မရပါဘူး။ အဲဒီအလေးချိန်ထက်လျော့တဲ့ အရာဝတ္ထုမှန်သမျှကိုလေပေါ်မြောက်ကြွပါလိမ့်မယ်။ နောက်တစ်ချက်ကအောက်ခံအထိုင် ဖုံးထားရင် ပိုလို့တောင်အဆင်ပြေသေးတယ်။

Trend Myanmar

မှတ်ချက်များ