စိတ်အတွေးအာရုံ ဖြင့် ထိန်းချုပ်ကွပ်ကဲရမယ့် Google Glass Telekinetic မျက်မှန်ကင်မရာ
နည်းပညာတည်ထွင်မှု အသစ်အဆန်းတစ်ခုဖြစ်တဲ့ Google Glass ရဲ့ Application အသစ်ဟာ အသုံးပြု သူတွေကို ဦးနှောက်နဲ့ စဉ်းစားလိုက်တာနဲ့ အလိုအလျှောက် ဓါတ်ပုံရိုက်စေမှာဖြစ်ပါတယ်။
တပ်ဆင်သူတွေအနေနဲ့ သူတို့မြင်တွေ့နေတဲ့ အရာတွေကို အတွေးအာရုံကို အသုံးပြုပြီး ဓါတ်ပုံရိုက်စေတဲ့ hi-tech မျက်မှန်ဖြစ်လာအောင် ကမ္ဘာမှာ ပထမဦးဆုံးအဝေးလှုပ်ရှားမှု အလျင်စွမ်းအင်သုံး app အဖြစ်ရှိနေ မယ်လို့ MindRDR ကြေငြာထားပါတယ်။
စိတ်ထဲမှာ ဓါတ်ပုံရိုက်တော့မယ်ဆိုတာ တွေးလိုက်တာနဲ့ မျက်မှန်တပ်ဆင်သူတွေ စိတ်အတွေးအာရုံကို အသုံးပြုပြီး ပုံတွေကို Twitter Facebook ပေါ် share လို့ရစေနိုင်မှာဖြစ်ပါတယ်။
ဒီတော့ အသုံးပြုသူတွေ ဓါတ်ပုံတစ်ပုံရိုက်ဖို့ မျက်မှန်ကို ထိစရာလည်းမလို အသံနဲ့လည်းအမိန့်ပေးစရာမ လိုတော့ဘူးပေါ့။ ဓါတ်ပုံဆရာအချို့ကို စိတ်လှုပ်ရှားစေမှာဖြစ်ပေမဲ့ တခြားသူတွေအဖို့ လျို့ဝှက်ဓါတ်ပုံတွေ ရိုက်ပြီး ကိုယ်ရေးကိုယ်တာေ ကြာင်းအရာကိစ္စရပ်တွေကို သိရှိနိုင်မှာမို့ စိုးရိမ်စရာဖြစ်စေပါလိမ့်မယ်။
လန်ဒန်အခြေပြုစက်ရုံ This Place ကနေ တည်ထွင် ထားတဲ့ ဒီအခမဲ့ app ဟာ Google Glass နဲ့ Neurosky EEG ရဲ့ Biosensor ကို အသုံးပြုထားတာဖြစ်တယ်။
ဒီ app ဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို လက်တွေ့အကောင်အထည်ဖော် လှုပ်ရှားစေဖို့ ဘာသာပြန်စေ မယ့် အတွေးစိတ်ကူးတွေကို တိုင်းထွာသိရှိမယ့် Sensor ကို Google Glass နဲ့ အဆက်အသွယ်ရစေပြီး အာရုံစူးစိုက်ခြင်းနဲ့ စိတ်အနားယူခြင်းအားဖြင့် အသုံးပြုသူတွေကို ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို ဒီစက် ကိရိယာပေါ် ထိန်းချုပ်စေနိုင်မှာဖြစ်တယ်။
Trend Myanmar

မှတ်ချက်များ