ခန့်ထိုက်တန်၊
(၂၂ )နှစ် ၊
B.Sc (Maths)၊
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်။
ကျနော့်ရဲ့အနုပညာလှုပ်ရှားမှုတွေက ဗီစီဒီတွေရိုက်ထားတယ်။ MTV သီချင်းတွေမှာ သရုပ်ဆောင်ထား ပါတယ်။
မအိမ့်ချစ်၊ နီနီခင်ဇော်နဲ့ နောက်ထပ် အဆိုတော်အသစ်တွေရဲ့ MTV တွေမှာ သရုပ်ဆောင်ပေးထားပါတယ်။
အနုပညာ အလုပ်ကိုတော့ ကျနော် အဆုံးစွန်ထိ ကြိုးစားလုပ်ဖို့ဆုံးဖြတ်ထားတယ်။ သရုပ်ဆောင်ရတာကို ပိုဝါသနာပါတယ်။
အနုပညာဆိုတာ တကယ်ကိုခက်ခဲတဲ့ ပညာရပ်တခုလို့ ကျနော်ထင်တယ်။ လွယ်တယ်လို့ထင်ရပေမယ့် တကယ်ကိုခက်ခဲပါတယ်။ ကျနော် အနုပညာအလုပ်လုပ်တာကို အိမ်က သဘောမတူဘူး။
အဲဒါနဲ့ အိမ်ကနေခိုးထွက်လာတာ။ အိမ်ကို ပညာရေးနဲ့ပတ်သက်တဲ့ သင်တန်းတက်မယ်ဟြေပြီး ဆရာဂျွန်လွင်ရဲ့ မော်ဒယ်လ်သင်တန်းတက်ခဲ့တာ။ လူငယ်သဘာဝ ဆိုပေမယ့် ကျနော်ကသိပ်ပြီးတော့ အပျော်အပါးမမက်ဘူး။ အိမ်မှာပဲနေတာ များတယ်။ အပြင်သိပ်မထွက်ဖြစ်ဘူး။
လွတ်လပ်မှုကိုတော့ ကြိုက်တယ်။ဒါပေမယ့် လွတ်လွတ်လပ်လပ်ကြီးတော့ မနေချင်ဘူး။
စည်းကမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ပေမယ့် စည်းကမ်းလေးနဲ့တော့နေတယ်။
ကျနော်က လူမှုဆက်ဆံရေးပိုင်းမှာတော့ အားလုံးနဲ့ သင့်တင့်အောင် ပေါင်းတတ်ပါတယ်။
စာပေနဲ့ပတ်သက်ရင် ဟာသတွေ၊ ဘုရားစာအုပ်တွေ၊ တရားစာအုပ်တွေဖတ်တယ်။ ပညာဗဟုသု တရဖို့ဆိုရင် ကျနော်က ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက လူတွေကိုကြည့်ပြီး လေ့ လာတယ်။
လူတွေဆီကပဲ အကုန်လုံးကို ပြန်လေ့လာရတာပါ။ ကောင်းတဲ့အကျင့်လေးတွေ ယူပြီး မကောင်းတာလေးတွေတော့ ဖယ်ပစ်ရတာပေါ့လေ။
ဖက်ရှင်ပိုင်းဆိုရင် ခေတ်နဲ့လိုက်ဖက်တာတွေကို ၀တ်ပေမယ့် သွားတဲ့နေရာပေါ် မူတည်ပြီးတော့ ဖက်ရှင်ကို လိုက်ဖက်အောင် ၀တ်ဆင်ပါတယ်။
ကျနော်တို့နိုင်ငံက ရင်ကထက်စာရင်တော့ ဖွံ့ဖြိုးလာတယ်လို့ထင်ပါတယ်။
လူငယ်တွေကြိုးစားရင် ကြိုးစားသလောက် တိုးတက်လာနိုင်ပါတယ်။ လူငယ်ဆိုတာတအားကြီး ဟော့ဟော့ရမ်း ရမ်းနေရင် မကောင်းပါဘူး။
ကျနော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ကောင်းတယ်လို့တော့မဟြေပါဘူး။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ရမယ်။ လူငယ်တွေတိုးတက်ဖို့ဆိုရင် ရိုးသားကြိုးစားဖို့က အဓိကပါပဲ။
မြတ်သူအောင် | ဧရာဝတီ

မှတ်ချက်များ