ကလေးမ လေးအတွက် Google ရဲ့ ပြန်စာ
Google မှာ အလုပ်လုပ်နေတဲ့ ဒီဇိုင်နာ တစ်ဦးရဲ့ သမီးငယ်လေးဟာ သူတတ် သလောက် စာရေးလို့ ဂူးဂဲလ်သို့ စာပို့ပါတယ်။ စာကတော့ ပုံမှာ ပြထား သလို ပါပဲ။
‘သို့ ဂူးဂဲလ်မှ အလုပ်လုပ်သူများရှင့်
သမီး ဒယ်ဒီ ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ နားရက် ရအောင် လုပ်ပေး ပါလား။ ဒယ်ဒီက တစ်ပတ်မှ စနေ တစ်ရက်ပဲ အားလပ်ရက် ရလို့ပါ။
မှ
ကေသီ
P.S. အဲ့ဒီနေ့က ဒယ်ဒီ့ ဘတ်ဒေး’ ဒီတော့ Google ကလည်း ကလေးမလေး ကေသီဆီကို စာပြန်ပို့ပေး ပါတယ်။
‘ကေတီလေးရေ,
ခုလို အကြံပြုချက်နဲ့ စာပို့ပေးတာကို ကျေးဇူးတင်ပါတယ်။ ကေတီ့ရဲ့ ဖေဖေက Google အတွက်ကော တစ်ကမ္ဘာလုံးက Google အသုံးပြုသူ သန်းပေါင်း များစွာ အတွက်ကော ဒီဇိုင်းပုံ လှလှလေးတွေ ကြိုးစား ဆွဲပေးတယ်။ သူ့ကို ဗုဒ္ဓဟူး တစ်ရက်တည်း မကဘူး။ ဇူလိုင်လရဲ့ ပထမ တစ်ပတ်လုံးကို အားလပ် ရပ် ပေး လိုက်ပါတယ်နော်။
ပျော်ပါစေ!
yoyarlay

မှတ်ချက်များ