လူကေးမီးယားရောဂါရှင် ကောင်လေးနဲ့အတူ Adele သီချင်းကို ဆိုခဲ့တဲ့ Taylor Swift


Taylor Swift ဟာ ဘော်စတွန် ကလေးဆေးရုံကို ရောက်ရှိနေစဉ် လူကေးမီးယား ရောဂါရှိတဲ့ ကောင်လေး တစ်ယောက်ရဲ့ အခန်းထဲကို သွားရောက် ကာ ကျောက်ဖရုံသီးတွေ ကျွေးမွေးခဲ့သလို အဲဒီကောင်လေးနဲ့ အတူ အဆိုတော် Adele ရဲ့ “Someone Like You” သီချင်းကိုပြန်လည်သီဆိုပြခဲ့ပြီး ကောင်လေးက စန္ဒယား တီးပေးခဲ့ပါတယ်။


အဲဒီလူငယ်လေးရဲ့ အခန်းထဲမှာ စန္ဒယားကီးဘုတ် တစ်လုံးရှိနေတာကို သတိပြုမိခဲ့တာလည်း Taylor Swift ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သူမက ကောင်လေးကို သူမ အတွက်စန္ဒယား တီးပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါ တယ်။ Taylor Swift ဟာ သီတင်းတစ်ပတ်ခန့် ဘော်စတွန် ကလေးဆေးရုံသို့သွားရောက်ခဲ့ရာ ဆေးရုံရှိ လူနာများအပေါ်မှာ Taylor Swift ရဲ့ သက်ရောက်မှုကတော့ တော်တော်လေး ကြီးမားခဲ့တယ်လို့ သိရပါ တယ်။

Trend Myanmar

မှတ်ချက်များ