ပေါင် (၁၂၀၀၀) တန် စိန်လက်စွပ် အလကားရမယ့် အခွင့်အရေး


အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် လက်ဝတ်ရတနာကုမ္ပဏီ တစ်ခုဟာ ပေါင် (၁၂၀၀၀) တန် စိန်လက်စွပ် အလကားရမယ့် အခွင့်အရေး တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ဆိုင်အမည် ကြော်ငြာလိုတာမို့ စိတ်ဝင်စားစ ရာကောင်းတဲ့ အစီအစဉ်နဲ့ မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။

အဲဒါကတော့ ပေါင် (၁၂၀၀၀) တန် စိန်လက်စွပ်ကို သေချာထုပ် ပိုးပြီး မိုးပျံပူဖောင်းနဲ့ ချည်ကာ လွှင့်တင်ပေး လိုက်ခြင်းဖြစ်ပါတယ်။ မိုးပျံပူဖောင်း မြေပြင်ပေါ်ကို ကျရောက် စဉ်မှာ စိန်လက်စွပ်ထည့်ထားတဲ့ဘူးတွေ့တဲ့ သူဟာ ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ စိန်လက်စွပ် ထည့်ထားတဲ့ဘူး ဘယ်နေရာ ကျသွားသလဲဆိုတာ လည်း စိတ်ပူစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုးပျံ ပူဖောင်းမှာ GPS စနစ် တပ်ဆင်ပေးလိုက် တာကြောင့်ဖြစ်ပါတယ်။

မိုးပျံပူဖောင်းကို ဒါဘီရှိုင်းယား ဒေသမှာ လွှင့်တင်ခဲ့ပြီး ကီလိုမီတာ (၂၀) အထိသွားလာပြီးတဲ့နောက် လင်ကွန်ရိုင်းယားအရပ်ဒေသရှိ ရွာတစ်ရွာရဲ့ စက်ဝိုင်း ဗဟိုချက် ငါးမိုင်အကွာခန့်မှာ ပြုတ်ကျသွားခဲ့တယ်လို့ အရိပ်အမြွတ် ပြောကြား ထားပါတယ်။

လက်ဝတ်ရတနာ ကုမ္ပဏီဟာ စိန်လက်စွပ် ထည့်ထားတဲ့ ဘူးပုံစံနဲ့ ပြုတ်ကျသွားတဲ့ နေရာကို ခန့်မှန်း ချက်ပေးထားတာမို့ လိုချင်တဲ့သူတွေဟာ သွားရောက်ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို တွစ်တာ ၀က်ဘ်ဆိုက်မှာ စိတ်ဝင်စား သူတွေ အများအပြားရှိခဲ့ပေမယ့် ရှာဖွေရတာ လွယ်ကူမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

messenger

မှတ်ချက်များ