ရေဘေးကြုံနေသည့် ဒေသလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်
ရေဘေးကြုံတွေ့နေရ သည့် ပဲခူးတိုင်းဒေသကြီး အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် နေ ရာကွက်၍မိုးကြီး နိုင်ပြီး သံလွင်မြစ်ရေသည်လည်း သြဂုတ်လ ၁၀ရက်မှ စတင်ကာ စိုးရိမ်ရေမှတ်အထက် သို့ရောက်ရှိ နေကြောင်း မိုး/ဇလဌာနကသ တင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်မြို့နယ်အချို့တွင် ရေဘေးအန္တရာယ်အဆိုးရွား ဆုံးရင်ဆိုင်နေရ ကာ အဆိုပါဒေသနှစ်ခုတွင်လူဦး ရေသုံးသောင်းနီးပါးကယ်ဆယ် ရေးစခန်းများတွင် ခို လှုံနေရပြီး လူသေဆုံးမှုအချို့လည်း ရှိနေ သည်။ လယ်ဧကများစွာ ရေနစ် မြုပ်နေပြီးအစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများက ကယ်ဆယ် ရေးလုပ်ငန်းများလုပ်ဆောင်နေရ သည်။
မွန်ပြည်နယ်ရေဘေးတွင်သ ထုံနှင့် ကျိုက်ထိုမြို့မှ ဒေသခံလေး ဦးရေဘေးကြောင့်သေဆုံးခဲ့ရပြီး ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နှင့်ဝေါ မြို့တို့တွင်လည်း လူလေးဦးသေဆုံးခဲ့ပြီးတိုင်းလူကယ်ပြန်ဌာန ကရေဘေးနှင့်တိုက်ရိုက်မသက်ဆိုင် ကြောင်းပြောသည်။
ကရင်ပြည်နယ်တွင် သံလွင် မြစ်သည် ဘားအံမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ ရောက်ရှိနေပြီး ရေ နစ်မြုပ်ခြင်း မရှိသေးသော် လည်း ကယ်ဆယ်ရေးစခန်းများ အဆင်သင့်ပြင်ဆင်ထားကြောင်း ပြည် နယ်လူကယ်ပြန်ဌာနမှတာ ၀န်ရှိသူတစ်ဦးကပြောသည်။ ပြီး ခဲ့သည့် ငါးရက်ခန့်ကမူ ဘားအံ နှင့် လှိုင်းဘွဲ့မြို့များတွင်မြေနိမ့် ရပ်ကွက်များ ရေနစ်မြုပ်ခဲ့သော ကြောင့် လူဦးရေ ခုနစ်ရာနီးပါး ကယ် ဆယ်ရေးစခန်းများ၌ ခိုလှုံခဲ့ရသည်။
မိုး/ဇလဌာနက ရန်ကုန် တိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာကွက်၍ မိုးကြီးနိုင်ပြီး စစ် တောင်းမြစ်၊ ပဲခူးမြစ်၊ ရွှေကျင် မြစ်နှင့် င၀န်မြစ်များသည် စိုးရိမ် ရေမှတ်တွင်ရှိနေကြောင်း သတင်း ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း လူ ပြောများနေသည့် စူပါမွန်းဖြစ်စဉ် ကြောင့် ဆူနာမီငလျင်ကဲ့သို့ သ ဘာဝဘေး အန္တရာယ်ကျရောက် နိုင်သည်ဟူသော ကောလာဟလ များပျံ့နှံ့နေပြီး ဒေသအနှံ့တွင် အစိုးရပိုင်းမှ သတိပေးကြေညာ ချက်များပြုလုပ်နေသလို ဒေသခံ များကလည်းနေရာရွှေ့ပြောင်းမှု များပြုလုပ် လျက်ရှိသည်။
အောင်သစ်လွင် | 7day

မှတ်ချက်များ