အမေရိကန်-မြန်မာ ဆက်ဆံရေး ထင်သလို ဖြစ်မလာ

အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ အမေရိကန် ဖက်က တောင်းဆိုချက်တွေကို မြန်မာဖက်က ဖြည့် ဆည်းပေးနေတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပဲ မြန်မာ နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ဆက်ဆံရေးမျိုးသာဖြစ် တယ်လို့ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြား လိုက်ပါတယ်။

အာဆီယမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက The Lake Garden Hotel မှာဒီနေ့ညနေက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထည့်သွင်းပြောခဲ့ တာပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရာ မှာ လူ့အခွင့်အရေး ၊ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး၊ ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ စတဲ့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အား လုံးပြည့်စုံအောင် ဆွေးနွေးခဲ့ပါတယ်။ အစိုးရအနေနဲ့ ရှေ့ဆက်ပြီး အများကြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာကိုလည်း ပြောဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အမေရိကန်ဖက် က တောင်းဆိုနေတာကို မြန်မာအစိုးရဖက်က ကြိုးပမ်းနေတဲ့ ဆက်ဆံရေး မျိုးမဟုတ်ပဲ ဒီတိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် အစိုးရက လုပ်ဆောင်နေတဲ့ ဆက်ဆံရေးမျိုး သာဖြစ်တယ်လို့ အမေရိကန်နိုင် ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ အစိုးရချင်း ဆက်ဆံရေးအပြင် မြန်မာနိုင်ငံသားတွေနဲ့ ဆက်ဆံရေး ကိုလည်း တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့အချိုးအကွေ့မှာ ရောက်နေတာကို မြင်တွေ့နေရတာ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာလည်း အပြောင်းအလဲဟာ နေ့ချင်းညချင်း ပြီးပြည့်စုံတာ မဟုတ်ကြောင်းနဲ့ အမေရိကန်နိုင် ငံ စတင်တည်ထောင်စဉ်က တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကျွန်စနစ်ကို ခွင့်ပြုထားခဲ့ ပြီးတော့ နှစ်ပေါင်း အတော်ကြာမှ ပြုပြင်ယူသွားရတာ ဖြစ်ကြောင်းလည်း အမေရိကန် ပြည်ထောင်စုနဲ့ နှိုင်းယှဉ် ပြီးပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ညဘက်မှာ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်း စာ ရှင်းလင်းပွဲကျင်းပမှာ ဖြစ်ပါတယ်။

RFA

မှတ်ချက်များ