ဝေဖန်မှုများပေါ်ထွက်နေသည့် ထူးအိမ်သင်ပွဲမှ အဖွဲ့နှစ်ဖွဲ့ နုတ်ထွက်


လူငယ်အဆိုရှင်များ ပါ ဝင်မှုကြောင့် ဝေဖန်ခံနေရသော ထူးအိမ်သင် ဂီတပွဲတော်ဖျော်ဖြေမည့်စာရင်းတွင် ပါဝင်သည့် အဖွဲ့အချို့ နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ယင်းဖျော်ဖြေပွဲတွင် ပါဝင် မည့် SIR အဖွဲ့မှ နှစ်ဖွဲ့နုတ်ထွက် သွားကြောင်း သြဂုတ် ၁၃ ရက်က ကျားပေါက် ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

ယင်းပွဲတွင် ပါဝင်ဖျော်ဖြေ မည့် Big Bag အဖွဲ့မှ ကျားပေါက် က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပါဝင်ဖျော်ဖြေမည့်သူများ အား ဝေဖန်မှုများကို ပြင်းပြင်းထန် ထန် တုံ့ပြန်လိုက်ပြီး SIR အဖွဲ့မှ အဖွဲ့နှစ်ဖွဲ့ ပါဝင်ဖျော်ဖြေတော့ မည် မဟုတ်ကြောင်း ရေးသားခဲ့ သည်။

ယင်းဖျော်ဖြေပွဲနှင့်ပတ်သက် ၍ ပွဲကျင်းပမည့် ရက်မတိုင်မီမှာ ပင် ပါဝင်မည့် အဆိုတော်အချို့အား အွန်လိုင်း စာမျက်နှာများတွင် အပြင်းအထန် ဝေဖန်လျက်ရှိကြ ပြီး ယင်းကိစ္စကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာများပင်ဖွင့် ၍ ဝေဖန်နေကြခြင်းများလည်း ရှိသည်။

ထူးအိမ်သင် ကွယ်လွန်သည့်(၁၀)နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲကို ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်း အားဖြင့် (၁၀)နှစ်တာဟု အမည်ပေးထားကာ သြဂုတ် ၂၃ ရက်တွင် Myanmar Event Park ၌ ပြုလုပ် မည်ဖြစ်ပြီး ဖျော်ဖြေပွဲ တွင် ဇော်ဝင်းထွဋ်၊ ဂျေမောင် မောင်၊ လေးဖြူတို့မှစ၍ ယနေ့ ခေတ် လူငယ်အ ဆိုတော်များအထိ အဆိုတော် ၃၀ ခန့် ပါဝင်သီ ဆိုမည်ဖြစ်ရာ ဖျော်ဖြေမည့်လူစာ ရင်းတွင် လူငယ်အ ဆိုတော်များ ပါဝင်ခြင်းကို ထူးအိမ်သင်၏ပရိ သတ်များက ဝေဖန်နေခြင်းဖြစ် သည်။

သို့သော်လည်း ဖျော်ဖြေပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် မြင့်မိုးအောင်က ယင်းဖျော်ဖြေပွဲတွင် ပါဝင်သော အဆိုတော်များသည် ထူးအိမ်သင်ကို လေးစားသည့် စိတ်၊ ပရိသတ်များကို လေးစားသည့်စိတ်၊ အနုပညာ ကို လေးစားသည့်စိတ်ဖြင့် ပါဝင်ဖျော်ဖြေကြ ခြင်းဖြစ်ကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍ ဖြေကြား ထားသည်။

ဖျော်ဖြေပွဲမှရရှိသည့် အကျိုးအမြတ်များမှ ၂၅ ရာခိုင် နှုန်းကို ပရဟိတအလှူအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်အကျိုး အမြတ်များကိုမူ ထူးအိမ်သင်၏ မိခင်၊ ဇနီးနှင့် သမီးတို့အား အချိုး ကျ ခွဲဝေပေးမည်ဟု ဆို သည်။

7day

မှတ်ချက်များ