မတ္တရာမြို့ နယ် တောင်ပြုံး ဘူတာအနီး ရထားပေါ်မှ ခုန်ချရာ ဦးခေါင်းပြတ်သေဆုံး



မတ္တရာမြို့ နယ် တောင်ပြုံး ဘူတာအနီး သံလမ်းကူးတောင်ဘက် ၁၀ ကိုက်ခန့် အကွာ၌ ယခုလ ၁၀ရက် ညနေ ၄နာရီ မိနစ် ၄၀က အမျိုးသား တစ်ဦး ဦးခေါင်းပြတ်၊ ၀ဲလက်ကျိုးကြေ ဒဏ်ရာများဖြင့် သေဆုံးနေေ ကြာင်း သတင်းအရ ရထားရဲတပ်ဖွဲ့ (၄)မှ ရဲတပ်ကြပ် ပြည့်ဝင်းဇော်နှင့် အဖွဲ့ က သွားရောက် စုံစမ်းရာ သေ ဆုံးသူမှာ ဦးလှသန်း အသက်(၄၂)နှစ် မင်းတဲအီကင်းရပ်ကွက် အောင်မြေသာစံ မြို့ နယ် နေသူဖြစ်ကြောင်း၊ ၄င်းသည် မန္တလေးမြို့  သူရဲဈေးဘူတာမှ မတ္တရာသို့  ထွက်ခွာသည့် ဒီတီ ၉၀၁ မီးရထားပေါ်တွင် လိုက်ပါ လာပြီး ရထားမရပ်သေးမီ ရထားပေါ်က ခုန်ချရာမှ လဲကျ၍ ရထား ကြိတ်မိသေဆုံးခြင်း ဖြစ်ကြောင်း သိရ သဖြင့် မြို့ မရဲစခန်း(မတ္တရာ)က သေမှုသေခင်း အမှတ်စဉ် ၁၅/၂၀၁၄ဖြင့် ရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

The Union Daily

မှတ်ချက်များ