ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည် များ အတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စ ခန်း ကို တွေ့ရစဉ်။ Photo courtesy of TBBC
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်အောက် မှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ် ထွက်နေပြီ ဆိုပေမယ့် ထိုင်းမြန်မာ နယ်စပ်က ဒုက္ခ သည်တွေ အပါအဝင် မြန်မာပြည်က ဒုက္ခသည်တွေ ကို နယူးဇီလန် နိုင်ငံအနေနဲ့  ဆက်ပြီး လက်ခံသွားမှာ ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် Mr John Key က ပြော ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဧရာဝတီ သတင်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခန်းမှာ မစ္စတာကီးက UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို နယူးဇီလန် နိုင်ငံမှာ အခြေချဖို့ ကြိုဆိုလက်ခံမှာ ဖြစ်ကြောင်း၊ အခုအခါ နယူးဇီလန် နိုင်ငံ မှာ မြန်မာလူမျိုး ၂ဝဝဝ ကျော် ကို အခြေချ နေထိုင်ခွင့် ပေးထားပြီး ဖြစ်ကြောင်း၊ သူတို့တွေကို မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိလာ ရင်တောင်မှ ပြန်ခိုင်းမှာမဟုတ်ကြောင်း ပြောသွားပါတယ်။
လွန်ခဲ့တဲ့ ၁ဝ နှစ်ကာလအတွင်း ထိုင်းနယ်စပ်ဒေသနဲ့ မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းတွေကနေ UNHCR ရဲ့ ထောက်ခံချက်နဲ့ နယူးဇီလန်နိုင်ငံက ခေါ်ယူလက်ခံထားသူပေါင်း ၂ဝဝဝ ကျော်ရှိရာမှာ ကရင်၊ ကယား၊ ချင်း နဲ့ ရခိုင်ပြည်နယ်တို့က တိုင်းရင်းသားတွေ အများဆုံးဖြစ်ကြတယ်လို့လဲ သတင်းမှာ ဖေါ်ပြထားပါတယ်။
RFA

မှတ်ချက်များ