အစ်မဖြစ်သူကို မတော်တဆ ကားနဲ့တက်ကြိတ်မိသွားတဲ့ ဆယ်ကျော်သက် မိန်းကလေး
အသက်၁၅နှစ်သာ ရှိသေးတဲ့ Marli Hamblin (ပုံမှာ ညဘက်မှ မိန်းကလေး) အမည်ရ ကောင်မလေးဟာ Utah က သူမနေထိုင်ရာ ခြံအတွင်း နားကြပ်တပ် သီချင်းနားထောင်ရင်း နေပူစာလှုံနေတုန်း ညီမဖြစ်သူ (နာမည်ဖော်ပြထားခြင်း မရှိ) ရဲ့ ကားနဲ့ဖြတ်ကြိတ်သွားခြင်းကို ခံလိုက်ရတာပါ။ ကားဂိုဒေါင်ထဲက ကားကို အမြန်ထုတ်လာခဲ့တဲ့ ညီမဖြစ်သူဟာ သူ့အစ်မရှိနေတာကို မြင်ပုံမရဘူးလို့ အားလုံးက ဆိုကြပါတယ်။ ခုလို ကားနဲ့ဖြတ်ကြိတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ခွဲစိတ်မှုပြုလုပ်ဖို့ ဆေးရုံကို ခေါ်သွားပေမယ့်လည်း Hamblin ကတော့ အသက်မရှိတော့ပါဘူး။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး Hamblin ရဲ့ ညီမကို ပြစ်မှုအနေနဲ့ အရေးယူတာမျိုးတွေ မပြုလုပ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တကယ့်ကို ၀မ်းနည်းစရာကောင်းတဲ့ မတော်တဆတစ်ခုဖြစ်တယ်လို့ အားလုံးက သတ်မှတ်လိုက်ကြလို့ပါ။ ညီအစ်မနှစ်ယောက်ရဲ့ အဘိုးဖြစ်သူ ပြောပြချက်အရတော့ "ဒီအဖြစ် အပျက်ကြီး ကြုံပြီးသွားကတည်း သူ့ညီမဟာ အရမ်းကို တုန်လှုပ်ခြောက်ခြားသွားပြီး ကိုယ့်ကိုယ်ကိုယ် ရိုက်နှက်တာမျိုးတွေ လုပ်လာတယ်။ ကျွန်တော်တို့အားလုံးက သူ ဒီလိုမဖြစ်ဖို့ ၀ိုင်းပြောဆိုဖျောင်းဖျနေရ တယ်။ ဒီကို ဖြစ်ကိုဖြစ်ရမယ်လို့ သတ်မှတ်ထားပြီးသားအရာကတော့ ဘယ်လိုမှ ရှောင်လို့ရမှာ မဟုတ် ဘူးလေ" လို့ သူမကို အားပေးနေရပါတယ်တဲ့။
သူတို့မိသားစုက ဖွင့်ထားတဲ့ facebook account တစ်ခုရှိနေပြီး Miracle for Marli လို့ search box မှာရှာဖွေ တာနဲ့ တွေ့ရှိရမှာပါ။
မေသော် | Trend Myanmar

မှတ်ချက်များ