အီရတ်က ရာဇီဒီတွေကို လုံခြုံတဲ့ ဖြတ်လမ်းကနေ ကယ်နိုင်ဖို့ ကန်စဉ်းစားနေ

ဆူနီ စစ်သွေးကြွရန်ကနေ ထွက်ပြေးကြတဲ့ ရာဇီဒီ အမျိုးသမီးနဲ့ ကလေးတွေ (Credit: Reuters)
ဆူနီ ​စစ်သွေးကြွတွေရဲ့ ​တိုက်ခိုက်မှုကြောင့် ​အီရတ်နိုင်ငံ ​မြောက်ဘက်ပိုင်း ​တောတောင်ထဲမှာ ​သောင်းနဲ့ချီ ​ပိတ်မိနေတဲ့ ​ရာဇီဒီလူမျိုးတွေကို ​လုံခြုံတဲ့ ​ဖြတ်လမ်းတွေကနေ ​ရဟတ်ယာဉ်နဲ့ ​ကယ်ဆယ်နိုင်မယ့် ​နည်း လမ်းတွေကို ​လုပ်ဆောင်ဖို့ ​အမေရိကန်က ​စဉ်းစားနေတယ်လို့ ​ပြောပါတယ်။

အစပိုင်းတုန်းကတော့ ​ဒီစစ်သွေးကြွ ​တွေကို ​ပြန်လည် ​ခုခံ ​တိုက်ခိုက်ဖို့ ​အတွက် ​အီရတ်က ​ကာ့ဒ်လူမျိုးတွေ ကို ​လက်နက် ​တပ်ဆင် ​ပေးဖို့ ​ပြင်သစ် ​ကလည်း ​ပြောပါတယ်။

အိမ်ဖြူတော်က ​ပြောခွင့်ရပုဂ္ဂိုလ် ​Ben ​Rhodes ​ကတော့ ​အမေရိကန်အနေနဲ့ ​ဆူနီ ​စစ်သွေးကြွတွေကို ​မြေပြင် ​ကနေ ​စစ်ရေးတိုက်ခိုက် ​မှုတွေ ​လုပ်မှာမဟုတ်ဘူးလို့ ​ထပ်လောင်း ​ပြောကြားလိုက် ​ပါတယ်။ ​ဒါပေမဲ့ ​လူသားခြင်း ​စာနာထောက် ​ထားတဲ့ ​အထောက် ​အပံ့တွေကိုတော့ ​ကူညီသွားမယ်လို့ ​ဆိုပါတယ်။

အခုဆိုရင် ​ရာဇီဒီလူမျိုးတွေ ​တောတောင်ထဲမှာ ​ပိတ်မိနေတာ ​တစ်ပတ်ကျော် ​ရှိသွားပြီဖြစ်ပါတယ်။ ​အဲဒီထဲက ​ထောင်နဲ့ချီဟာလည်း ​တောတောင်တွေကို ​ဖြတ်ကျော်ပြီး ​အီရတ်နယ်စပ်နဲ့ ​နီးစပ်တဲ့ ​ဆီးရီးယား ဘက်ကိုလည်း ​ဖြတ်ကျော် ​ရောက်ရှိသွားကြတယ်လို့ ​ဆိုပါတယ်။

ဗြိတိန်နိုင်ငံကတော့ ​နိုင်ငံတကာ ​ကူညီကယ်ဆယ်ရေးဘက်ကိုပဲ ​လုပ်ဆောင်သွားမယ်လို့ ​ဗြိတိန် ​၀န်ကြီး ချုပ် ​David ​Cameron ​က ​ပြောပါတယ်။

အခုလောလောဆယ်ဆယ်မှာတော့ ​တောတောင်တွေမှာ ​ပိတ်မိနေတဲ့ ​ရာဇီဒီ ​လူမျိုးတွေကို ​အမေရိကန်နဲ့ ​ဗြိတိန်က ​ရဟတ်ယာဉ်ကနေတဆင့် ​အစာရေစာတွေကို ​လိုက်လံပစ်ချပေးနေသလို ​တတ်နိုင်သလောက် ​ကယ်ထုတ်နေကြပါတယ်။

ABC Radio Australia

မှတ်ချက်များ