လူမှုမီဒီယာများကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ဖြစ်ပေါ်နေ


အလွန်စောလွန်းသေးသောအရွယ်တွင် ဆန့်ကျင်ဘက်လိင်တစ်ဦးနှင့် ချိန်းဆိုသည့် လူငယ်ရွယ်အရေ အတွက် မြင့်တက် လာကြောင်း ဆွေးနွေးအကြံပေးပညာရှင်များနှင့် လူမှုဝန်ထမ်းဆောင်ရွက်နေသူ များက ပြောကြား သည်။

ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုမီဒီယာဝက်ဘ်ဆိုက်များသည် လူငယ်များအကြားအွန်လိုင်းတွင် တွေ့ဆုံနိုင်ရေး အတွက် ချိတ်ဆက်ပေး သည့် နေရာတစ်ခုဖြစ်လာပြီး လိင်ဆက်ဆံရန် ချိန်းဆိုမှုများရှိလာကြောင်း ပညာရှင် များက သတိပေးထားသည်။

Youth Guidance Outreach Services မှ အမှုဆောင်ဒါရိုက်တာ ဝေလ်ဆင်တန်က ငယ်ရွယ်သေးသော လူငယ်များအနေဖြင့် ချိန်းဆိုမှုများ လုပ်ဆောင်ခြင်း များပြားလာကြောင်း ပြောကြားသည်။

“တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့ခဲ့ရာမှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံဖို့ အလွန်စိတ်ဝင်စားခဲ့ကြတယ်လို့ ဒီ လူငယ်တွေက ပြောပါတယ်” ဟု ဝေလ်ဆန်က ပြောကြားသည်။

လူမှုဝန်ထမ်းဌာနတစ်ခုဖြစ်သည့် Care Corner Singapore မှ လိုကာလောင်က ယနေ့ခေတ်လူငယ်များသည် လိင်ဆက်ဆံရန်အတွက် ပိုမိုပွင့်လင်းသော အတွေးအခေါ်များရှိလာကြောင်း ပြောကြားသည်။

အွန်လိုင်းပေါ်တွင် အပြာပုံများကို ရှာဖွေရယူနိုင်သောကြောင့် လူငယ်များအနေဖြင့် လိင်မှုကိစ္စနှင့်ပတ်သက် ၍ မှားယွင်းသောအတွေးအခေါ်များ ရရှိနေပြီး ယင်းကဲ့သို့ အတုခိုးလုပ်ဆောင်ရန် စိတ်ဝင်စားလာ ကြကြောင်း ၎င်းက ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာ ပညာပေးမှုနှင့် မိမိတို့သားသမီးများ၏ နေထိုင်သွားလာနေမှုများကို မိဘများ က စောင့်ကြည့်ခြင်းသည် ကလေးများအနေဖြင့် ယင်းကိစ္စများတွင် မမှားယွင်းအောင် ကာကွယ်ရာတွင် အရေးပါကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။

အောင်ခင် | mizzima

မှတ်ချက်များ