၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျ ဆုံးနိုင်ငံ (အယ်လ်ဒီစီ)အဆင့် သတ်မှတ်ခြင်းခံ ရပြီးေ နာက် နှစ်ပါင်း ၃၀ ကျော်အကြာ ၂၀၂၁ ခုနှစ်ရောက်ရင် LDC သတ်မှတ်ချက် လွတ်မြောက်အောင် ရည်မှန်း ချက်ထား အကောင်အထည် ဖော်နေတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ဒေါက် တာဇော်ဦး က ပြောပါတယ်။
သြဂုတ် ၁၀ ရက်နေ့က ရန်ကုန် မြန်မာ့ဖွံ့ဖြိုးတိုးတက် မှုအရင်းအမြစ် အဖွဲ့အစည်းရုံး မှာ ကျင်းပတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောပွဲမှာ သူက ခုလို ပြောဆိုခဲ့တာပါ။
လက်ရှိ အခြေအနေ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ညွှန်းကိန်းအောက်ရောက်သူ ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်လိုအပ်ချက်တွေကိုလည်း ၂၀၁၅ ခုနှစ်ကစပြီး ၃ နှစ် ၁ ကြိမ် ကုလသမဂ္ဂကို အစီရင်ခံပြီး အယ်လ်စီဒီအဆင့်ကနေ လွတ်မြောက်အောင်လုပ်သွား မှာ ဖြစ်ကြောင်း ဒေါက်တာဇော်ဦးက ပြောပါတယ်။
DVB

မှတ်ချက်များ