ခိုးကူးနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲချုပ်နဲ့ပူးပေါင်းကာ စတင် အကောင်အထည်ဖော်နေပါပြီဆိုတဲ့ သားစိုး
ဂီတအစည်းအရုံးမှာ အမှုဆောင်တစ်ယောက်ဖြစ်တဲ့အပြင် အစည်းအရုံးကိစ္စတွေမှာလဲ တစ်ဖက်တစ်လမ်း က ပါဝင်နေပြီး လက်ရှိမှာ ပိုးထည် စီးပွားရေး လုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နေတဲ့ သားစိုးက ဂီတအစည်း အရုံးရဲ့ ထုတ်ပြန်ချက်တစ်ချို့နဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။
“ဂီတအစည်းအရုံးက ဂီတသမားတွေက အဆင်မပြေဘူးဆိုတော့ အဲ့ဒီထုတ်ပြန်ချက်ကို ပြန်ပယ်ဖျက်တဲ့ သဘောပေါ့။ ဂီတသမားတွေရဲ့ မူပိုင်ခွင့်ကတော့ နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတစ်ခုလို ဖြစ်လာမှာဖြစ် တဲ့တွက် ကိုယ့်မူပိုင်ခွင့်ကို ကိုယ်ကာကွယ်နိုင်မှာပါ။ ရှေ့နေငှားပြီး ကြိုတင်ကာကွယ်လို့လဲ ရပါတယ်။
တရားစွဲလို့လဲ ရတယ်။ ဂီတအစည်းအရုံးက မူပိုင်ခွင့်နဲ့ပတ်သတ်ပြီး အတတ်နိုင်ဆုံး အကူအညီပေးတာပဲ ရှိပါတယ်။ ဆုံးဖြတ်ချက်ချတာတွေ မရှိပါဘူး။ သီချင်းတွေကို ဂီတအစည်းအရုံးက ပိုင်တာမဟုတ်တဲ့အတွက် ကိုယ့်သီချင်းကိုယ်ပိုင်တာဖြစ်တဲ့အတွက် နောက်ပိုင်းမှာတော့ ဂီတလောကသားအားလုံး ကိုယ့်သီချင်းကို ကာကွယ်ဖို့တာဝန်ရှိပါတယ်။ အဲ့ဒီအတွက်ကြိုပြီး အသိပေးချင်တာက ကိုယ့်သီချင်းတွေကို ကွယ်လွန်သွား ပြီဖြစ်တဲ့ တေးရေးဆရာတွေကလဲ သူ့ရဲ့မိသားစုတွေက သက်ဆိုင်ကြောင်း အသိပေးချင်တာပါ။
ဒါတွေဟာနောက်ပိုင်းမှာလဲ နိုင်ငံတကာက ပုံစံအတိုင်းသွားမှာ ဖြစ်တဲ့တွက်နိုင်ငံတကာကအတိုင်းပဲသွား တာ ကောင်းပါတယ်။” လို့ သားစိုးက ပြောပါတယ်။
သမ္မတကြီးမိန့်ကြားတဲ့အပိုင်းနဲ့ပတ်သတ်ပြီးတောလည်း သူက “ပြန်ကြားရေးဝန်ကြီး ဦးအောင်ဇေယျက ကိုယ်တို့ ဂီတအစည်းအရုံးကို လာပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး စတင်ဆောင်ရွက်နေပြီ ဆိုတာကို ကြေညာ သွားပါတယ်။ ကိုယ်တို့ကလဲ ခိုးကူးနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲချုပ်ကို စာပို့တယ်။ မူပိုင်ခွင့်တွေ ချိုးဖောက်မှုနဲ့ပတ်သတ်ပြီး စတင်ဆောင်ရွက်နေပါပြီ”လို့ ရှင်းပြပါတယ်။
သူ့ရဲ့ ဂီတလှုပ်ရှားမှုအပိုင်းဖြစ်တဲ့ အာလူး နှာဗူး သာကူး ဂန်ဒူးအခွေကိုလည်း “အခွေက ထွက်တော့မယ်။ တီးလုံးတွေ စိတ်တိုင်းမကျလို့ပြန်ပြီး edit လုပ်နေတယ်။ အဲ့အခွေက ကြားထဲမှာ နဲနဲလေးကြာသွားတယ်။ အဲ့ဒီတွက် ပရိသတ်တွေ စောင့်ရကျိုးနပ်တဲ့ အခွေတစ်ခွေဖြစ်အောင် ကြိုးစားနေပါတယ်”တဲ့။
ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ