စားသောက်ဆိုင်များ တွင်အသုံးပြု သည့်ဆီအမျိုးအစား မပြပါက အရေးယူမည်
မန္တလေးခရိုင်အတွင်းရှိ စားသောက်ဆိုင်များ ချက်ပြုတ်ရာတွင် အသုံးပြုသည့် စားသုံးဆီအမျိုးအစားကို အများမြင်သာ သည့်နေရာ၌ ဖော်ပြရမည်ဖြစ်ကြောင်း သတ် မှတ်ထားမှုကို လိုက်နာခြင်းရှိမရှိ သက်ဆိုင် ရာအဖွဲ့အစည်းများ ပူးပေါင်း၍ စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန် ရှိသူက ပြောသည်။
“စားသောက်ဆိုင်တွေမှာ သုံးစွဲရန် မသင့်တဲ့ ဆီအမျိုးအစားဖော်ပြရမယ်လို့ အသိပညာပေးထားတာမျိုးရှိပေ မယ့်၊ လိုက် နာမှုအားနည်းတာကြောင့် ပထမအဆင့် တင်သွင်းလာတဲ့ သူကိုအရေးယူမယ်။ ဒုတိယအဆင့် ဆိုင်တွေကို ပိတ်သိမ်းခိုင်းမယ်။ တတိယအဆင့်ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်”ဟု ၎င်းက ပြော သည်။
စစ်ဆေးမှုများအတွက် ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေးဌာန(FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့တော်စည် ပင်သာယာရေးကော်မတီ၊ အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်း အသင်းနှင့် အခြား သော အဖွဲ့အစည်းများပါဝင်၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ခုကဲ့သို့သောစားသောက်ဆိုင်များအပြင်သက်ဆိုင်ရာထောက်ခံချက်မပါ သည့်အရည်အသွေးမမီသော စားသောက်ကုန်များရောင်းချခြင်းကိုလည်း အရှိန်မြင့် စစ်ဆေးသွားမည်ဖြစ်သည်။
mizzima

မှတ်ချက်များ