ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းကြောင့် ၉ ဦး သေဆုံး၊ ၂ ဦးပျောက်ဆုံး

ဂျပန်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ဟလောင် (Halong) တိုင်ဖုန်းမုန်တိုင်းကြောင့် ဒီနေ့အထိ ၉ ဦး သေဆုံး၊ ၂ ဦး ပျောက်ဆုံးနေပြီး ၄၃ ဦး ဒဏ်ရာ ရှိတယ်လို့ ဂျပန်သတင်းတွေက အစီရင်ခံပါတယ်။

ဂျပန်ပြည်သူ ၁.၆ သန်းကျော်ကိုလည်း မုန် တိုင်းဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြဖို့ ဂျပန်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း ခရိုင်တချို့မှာ မိုးရေချိန် ၁ နာရီအတွင်း ၁ မီတာအထိ စံချိန်ချိုးခဲ့ပြီး မြေပြို မှုတွေ ဖြစ် ပွားနိုင်တယ်လို့ ဂျပန်ဘေးအန္တရာယ် ကာကွယ်ရေးဝန်ကြီးက သတိပေးထားပါတယ်။

Halong တိုင်ဖုန်းမုန်တိုင်းဟာ အာရှအရှေ့ပိုင်းကို အခုနှစ်အတွင်း ၁၁ ခုမြောက်ဝင်ရောက်တဲ့ မုန်တိုင်းဖြစ် ပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော်နဲ့ အမြန်ရထားခရီးစဉ်တချို့လည်း ဖျက်သိမ်းခဲ့ကြပါတယ်။

မုန်တိုင်းဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းမကြီးဖြစ်တဲ့ Honshu ကျွန်းကို ဒီနေ့ ဖြတ်ပြီး မြောက်ဘက်ကို ဆက် လက်ရွေ့လျားမယ်လို့ ခန့်မှန်းကြပါတယ်။

DVB

မှတ်ချက်များ