မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ ၁ လကျော်ကြာထုတ်
ပြန်ခဲ့ တဲ့ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ မန္တလေးတိုင်းဒေသကြီး အ စိုးရအဖွဲ့ အတွင်းရေးမှူးဦးအုန်းလွင်က ပြောပါတယ်။
“အမိန့်ထွက်လာပါ လိမ့်မယ်။ သက်ဆိုင်ရာကို ပို့ လိုက်ပါပြီ။ သူတို့ ဆက်လုပ်ပါလိမ့်မယ်” လို့ ဦးအုန်း လွင် က ပြော ပါတယ်။
တည်ငြိမ်အေးချမ်း လာလို့ ပြန်ရုပ်သိမ်း တာဖြစ်ပြီး လုံခြုံရေးယူတာတို့၊ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ် အရေးယူတာတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ မန္တလေးတိုင်းက ၇ မြို့နယ်ကို ည ၉ နာရီကနေ မနက် ၃ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။
ဇူလိုင်လ ၂၆ ရက်နေ့မှာ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ပုဒ်မ ၁၄၄ ညမထွက်ရအ မိန့် ပြန်ရုပ်ပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။
ဇူလိုင် ၂၈ ရက်နေ့မှာတော့ ည ၁၀ နာရီကနေ မနက် ၃ နာရီလို့ ပြင်ဆင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ညမထွက်ရအမိန့်ကို ချိုးဖောက်လို့ လူပေါင်းရာနဲ့ချီ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
DVB

မှတ်ချက်များ