အငြိမ်းစား ဒု-ဗိုလ်မှူးကြီးတစ်ဦး၏ နေအိမ်မှ ကျပ် သိန်း ၃၄၀ နီးပါးခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူခံ ရသဖြင့် ဗဟန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၄ ရက်က အမှုဖွင့် စစ် ဆေးနေသည် ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ကသ တင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ ရွှေဂုံ မွန်အိမ်ရာတွင် နေထိုင်သည့် အသက် ၇၄ နှစ် အရွယ်ရှိ အငြိမ်းစား ဒု-ဗိုလ်မှူး ကြီးဦးအောင်ညွန့်သည် သြဂုတ် ၁၀ ရက်က နေ အိမ်ရှိ ရွှေထည်ပစ္စည်း များ ထည့်ထားသည့် သံသေ တ္တာကို စစ်ဆေးရာ စိန်ရွှေလက်ဝတ် ရတနာပစ္စည်း များ စုစုပေါင်းတန်ဖိုး ကျပ် ၃၃,၉၀၀,၀၀၀ ခန့် ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် နေအိမ်မှအိမ်ဖော်ဖြစ်သူ မကွေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှ လာရောက်အလုပ်လုပ်နေ သည့် အသက် ၂၄ နှစ်အရွယ် မယဉ်နွဲ့ကို စစ်ဆေးမေမြန်းရာတွင် ၎င်းကပစ္စည်းများကို မတ်လမှစ၍ အ ကြိမ်ကြိမ်ခိုးယူပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသည့် မမြတ်မြတ်မျိုးသွယ်ဆိုသူနှင့် အတူ ရွှေထည်ပစ္စည်းများကို ထုခွဲရောင်းချကာ ခွဲဝေသုံးစွဲခဲ့သည်ကို စုံစမ်းသိခဲ့ရသည်ဟု ရဲမှတ်တမ်းများ တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်ပေးပါရန် ဦးအောင်ညွန့်၏ တရားလိုပြုတိုင်တန်းပြီး ဗဟန်းမြို့မရဲစခန်း မှ (ပ) ၃၅၂/၁၄ ၊ ပြစ်မှုပုဒ်မ ၃၈၁/၁၁၄ သြဂုတ် ၁၄ ရက်တွင် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ကျော်စိုးမိုး | mizzima

မှတ်ချက်များ