ထိုင်းအမျိုးသမီးများအား အငှားကိုယ်ဝန်ဆောင်စေခဲ့ကြောင်း စွပ်စွဲခံထားရသည့် ဂျပန်အမျိုးသား၏ ဒီအင်န်အေအား ရဲတပ်ဖွဲ့ထံ ပေးပို့
ထိုင်းအမျိုးသမီးများအား အငှားကိုယ်ဝန်ဆောင်စေခဲ့ပြီး ကလေး ၁၂ ထက်မနည်း၏ ဖခင်ဖြစ်နိုင်ကြောင်း စွပ်စွဲခံထားရသူ ဂျပန်အမျိုးသား၏ ဒီအင်န်အေအား စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့သို့ သြဂုတ် ၁၈ ရက်က ပို့ထားေ ကြာင်းသိရသည်။
အသက် ၂၄ နှစ်အရွယ် အဆိုပါ ဂျပန်နိုင်ငံသားအား ထိုင်းဥပဒေအရ တရားစွဲဆိုထားခြင်း မရှိသေးသော် လည်း ၎င်းအား စွပ်စွဲခံနေရခြင်းကို မဟုတ်ကြောင်း သက်သေပြလိုသည်ဟု ၎င်း၏ ထိုင်းရှေ့နေ ကွန်ဆူရီ ယာမွန်သွန်က ပြောကြားသည်။
“ကျွန်တော့်အမှုသည်ရဲ့ ဒီအင်န်အေကို ယူပြီး အချက်အလက်တွေနဲ့အတူ ရဲတပ်ဖွဲ့ကို တင်ပြထားပါ တယ်” ဟု ဆူရီယာ မွန်သွန်က ပြောကြားသည်။
အဆိုပါ ဂျပန်နိုင်ငံသားအနေဖြင့် မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို မသိရှိရသေးပေ။
မကြာသေးမီကလည်း သြစတြေးလျဇနီးမောင်နှံနှစ်ဦးက ထိုင်းအငှားကိုယ်ဝန်ဆောင်အမျိုးသမီးမှ မွေး ဖွားလာသော အမွှာကလေးနှစ်ဦးအနက် ရုပ်ပိုင်းနှင့်အသိဥာဏ်ပိုင်း ချို့ယွင်းသည့် Down ရောဂါလက္ခဏာဖြစ်ပွားနေသော ဂမ်မီဆိုသည့် ယောက်ျားလေးကို မိဘရင်းများက ထိုင်းနိုင် ငံတွင် ထားရစ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်သော မိန်းကလေးကိုသာ သြစတြေးလျသို့ ခေါ်ဆောင်ခဲ့သည်။
အဆိုပါ ပြဿနာကြောင့် ထိုင်းနိုင်ငံအနှံ့တွင် ဖန်ပြွန်သန္ဓေသားစနစ်ဖြင့် အငှားကိုယ်ဝန်ဆောင်မှု များကို တိုက်ဖျက်နှိမ်နှင်းခဲ့ရာ ကလေးထုတ်စက်ရုံများဟု ခေါ်ဆိုခြင်းခံထားရသည့် အငှားကိုယ် ၀န်ဆောင် အမျိုးသမီးများထံမှ ယခုကလေးငယ်များကို တွေ့ရှိခဲ့ပြီး ၎င်းတို့၏ ဖခင်မှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း စွပ်စွဲမှု ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ဂျပန်နိုင်ငံသားသည် ယခင်ကလည်း ထိုင်းနိုင်ငံတွင် အငှားကိုယ်ဝန်စနစ်ဖြင့် မွေးဖွားစေခဲ့သည့် ကလေးအများအပြားကို ကမ္ဘော ဒီးယားနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြော ကြားထားသည်။ ရဲတပ်ဖွဲ့က အဆိုပါ ပြဿနာအား လူကုန်ကူးမှုဖြင့် စုံစမ်း စစ်ဆေးနေသော်လည်း တရားစွဲဆိုင်နိုင်သည့် အထောက်အထားမရသေးကြောင်း သိရသည်။
အောင်ခင် | mizzima

မှတ်ချက်များ