ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ ဒေါ်စုနေအိမ်တွင် တွေ့ဆုံ

သြဂုတ် ၁၅ ရက်က MPC တွင် လက်နက်ကိုင်တိုင်း ရင်းသား ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအကျိုးေ ဆာင်များ တွေ့ဆုံမှု၊ NCCT နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံမှုများ ဆက်တိုက်လုပ်ခဲ့ပြီး သြဂုတ် ၁၈ ရက်တွင် ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များသည် ဒေါ်ေ အာင်ဆန်းစု ကြည်နှင့် တွေ့ဆုံခဲ့ကြသည်။

နိုင်ငံရေးပါတီများ၊ အစိုးရနှင့် NCCT တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက် ညနေ ၅ နာရီခန့်တွင် NCCT အဖွဲ့ ပထမ ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော် အပါအ၀င် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးထွန်းဇော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ ဆုံခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဂွန်မော်က “အခုက အချိန်မတိုင်ခင်မှာ မဖိတ်ကြားသေးတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တကယ် ပဲ ဖိတ်ခေါ်မှာပါ၊ NLD ဥက္ကဋ္ဌအနေနဲ့ရော ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါ ဖိတ်မှာဖြစ်ပါတယ်”ဟု သြ ဂုတ် ၁၈ ရက်က ပါတီများနှင့်တွေ့ဆုံပွဲတွင် သတင်းမီဒီယာများကို ပြောကြားခဲ့ပြီး တစ်ရက်တည်း တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NCCT အဖွဲ့ဝင်များသည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးပါက ဒေါ်အောင်ဆန်းစုကြည်ကို အသိ သက်သေအဖြစ် ပါဝင်စေချင်သည်ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာကလည်း ပြောကြားထားသေးသည်။

ဗိုလ်ချုပ်ဂွန်မော်၊ နိုင်ဟံသာတို့ ပါဝင်သည့် UNFC (ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ေ ကာင်စီ) သည် ပထမတစ်ကြိမ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးပြီး ယခုတစ်ကြိမ် အဆိုပါအဖွဲ့သား များနှင့် တွေ့ဆုံမှုများ ဒုတိယမြောက် ဖြစ်သည်။

ဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD မှ ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိပေ။

အစိုးရနှင့် NCCT တို့ အပစ်ရပ် မူကြမ်းဆွေးနွေးခဲ့ရာ နောက်ဆုံးပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ်တွင် အချော သတ်ပြီးရန် တိုင်းရင်းသား ခေါင်းဆောင်များက မျှော်မှန်းခဲ့ကြသော်လည်း အချက်လေးချက် ကျန်နေသေး ပြီး လာမည့် စက်တာဘာတွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။

ကေဇူး | mizzima

မှတ်ချက်များ