ကျောက်မျက်ရတနာအသင်း၏ ၂ဝ၁၄- ၂ဝ၁၇ သက်တမ်းအတွက် အမှုဆောင်သစ်များရွေးချယ်ရန် မူလက သြဂုတ် ၁၆ ဟု သတ်မှတ်ထားသော်လည်း ပြန်လည်ရွေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
အသင်း၏ သင်းဖွဲ့စည်းမျဉ်းအရ အရည်အချင်းသတ်မှတ်ချက်များနှင့်အညီ ဥက္ကဋ္ဌ၊ ဒုက္ကဋ္ဌများ၊ အတွင်းရေး မှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များအဖြစ် ဝင်ရောက်အရွေး ချယ်ခံနိုင် သည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လက်ရှိဥက္ကဌဖြစ်သူ ဦးတေဇက လာမည့်သက် တမ်းအတွက် ထပ်မံရွေးချယ်ခံတော့မည်မဟုတ်ဟု ၄င်းကိုယ်တိုင် သြဂုတ် ၁၂ ရက်တွင် ထုတ်ဖော်ပြော ဆိုထားသည်။
အသင်းသားများ၏ တစ်ဦးချင်းကိုယ်တိုင်ဆန္ဒပြုလွှာများပေးသွင်းရန် သြဂုတ် ၁၂ ရက်ဟု ယခင်ကသတ် မှတ် ထားရာမှ သြဂုတ် ၂ဝ ရက်အထိ တိုးမြှင့်ထားပြီး ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်မှုကော်မရှင်မှ စိစစ် အတည် ပြုထားသည့် ရွေးချယ်ခံ ဆန္ဒပြုသူများစာရင်းနှင့် ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းကို သြဂုတ် ၂၂ ရက် တွင်ကြေညာ ပေးမည်ဖြစ်သည်
ကျောက်မျက်ရတနာအသင်း၏ အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးချယ်တင်မြောက်ပွဲကို အင်းယားလိတ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်သည်။
၂ဝဝ၇ ခုနှစ်တွင် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းထွန်း ဦးစီးပါဝင်သည့် မြန်မာနိုင် ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ပြီး ၂ဝဝ၉ခုနှစ်တွင် ကုမ္ပဏီများအက်ဥပဒေအရ တရားဝင်မှတ်ပုံတင်အသင်းအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
သီဟကိုကို | mizzima
မှတ်ချက်များ