အသွင်ကူးပြောင်း မှုတွင် နောက်ခံသမိုင်းကြောင်း ချင်း တူညီနေသည့် မြန်မာနှင့် မွန် ဂိုလီးယားနှစ်နိုင် ငံ အကြား ညီရင်း အစ်ကို ဆက်ဆံရေးမျိုး တည် ဆောက်နိုင်ရန် ကြိုးစားမည်ဖြစ် ပြီး မွန်ဂိုလီးယားက မြန်မာ တွင် လျှပ်စစ်စွမ်းအင်က ဏ္ဍ၌ ရင်းနှီး မြှုပ်နှံလိုကြောင်း မွန်ဂိုလီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လုဗ်ဆန် ဗန်ဒါဘိုးက ပြောသည်။
မြန်မာတွင် မွန်ဂိုလီးယား သံရုံးဖွင့်ရန် အစီအစဉ်ရှိ၊ မရှိနှင့် မြှင့်တင်ရန် အစီအစဉ်များအပေါ် 7Day ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မွန်ဂိုလီးယားသမ္မတမှာ မြန် မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က သ မိုင်းဝင် အလည်အပတ် ခရီးစဉ် လာရောက် ခဲ့ပြီးနောက် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ မြှင့်တင်ရန် အခြေအနေ ကောင်းများ ကြုံတွေ့နေ ရကြောင်း ၎င်းက ဆိုသည်။
‘‘ဒီနေ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးနဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို လည်း မြှင့်တင်နေ သလို မြန်မာရဲ့ ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်း အဆင်ပြေ ချောမွေ့စေဖို့ မွန်ဂိုလီး ယားက ထောက်ခံအားပေးနေပါတယ်။ မြန်မာမှာ မွန်ဂိုလီးယား လုပ်ငန်း ရှင်တွေအနေနဲ့ စိတ်ဝင်စားနိုင် မယ့် စီးပွားရေး လုပ်ကိုင်ဖို့ အခွင့် အလမ်းတွေကိုလည်း တွေ့ရှိနေ ပါတယ်။ လျှပ်စစ်စွမ်းအင်လုပ် ငန်းမှာ အကူအညီတွေပေးဖို့ လည်း ကျွန်တော်တို့ စိတ်ဝင်စား ပါတယ်’’ ဟု ၎င်းက ပြောကြား သည်။
ထို့အပြင် နှစ်နိုင်ငံ ခေါင်း ဆောင်ပိုင်းနှင့် ထိပ်တန်းပုဂ္ဂိုလ် များအား အပြန်အလှန်ဖိတ်ခေါ်စေ ခြင်းဖြင့် မြန် မာနှင့် ချစ်ကြည်ရင်း နှီးမှုကို နောက်ထပ်လှမ်းတက်နိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ပြောသည်။
နေပြည်တော် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ဧည့်သည်အဖြစ် တက်ရောက် ရန် မြန်မာအစိုးရက မွန်ဂိုလီးယားနိုင်ငံခြားရေးဝန်ကြီး ကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
မွန်ဂိုလီးယားသည် ၁၉၉၈ ခုနှစ်တွင် အာရှဒေသတွင်း ဖိုရမ်ကို စတင် တက်ရောက်ခဲ့သော်လည်း ယခုနှစ် တွင်မှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာက စတင်ဖိတ်ကြားခြင်းကြောင့် ပထမဆုံး အကြိမ် ဥက္ကဋ္ဌနိုင်ငံ၏ ဧည့်သည်အဖြစ် တက်ရောက်ခြင်းလည်း ဖြစ်သည်။
‘‘မွန်ဂိုလီးယားဟာလည်း မြန်မာလိုပါပဲ လွန်ခဲ့တဲ့ အနှစ်နှစ် ဆယ်တုန်းက ပြုပြင်ပြောင်းလဲမှု တွေကို လုပ်ဆောင်ခဲ့ရတယ်။ ပါ တီစုံဒီမိုကရေစီစနစ် ထွန်းကားဖို့ နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လုပ် ဆောင်ခဲ့ ရတယ်။ အခု မြန်မာ ကလည်း အသွင်တူတဲ့အပြောင်း အလဲတွေကို လုပ်နေတဲ့အတွက် မွန်ဂိုလီးယားက အတွေ့အကြုံ တွေကို ပြန်ပြီး မျှဝေချင်ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြားက သမိုင်းဝင် ချိတ်ဆက်မှုပါပဲ’’ ဟု ၎င်းက ပြော ကြားသည်။
အာဆီယံအဖွဲ့အစည်းနှင့် နီးကပ်သော ဆက်ဆံရေးကို မွန် ဂိုလီးယားက တည်ဆောက်ပေး မည်ဖြစ်ပြီး အနာဂတ်အာဆီယံ တွင် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်လာ သည်အထိ မျှော်မှန်းထားကြောင်း မွန်ဂိုလီးယားနိုင် ငံခြားရေးဝန်ကြီး က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
ထို့ပြင် အာဆီယံကို အရေး ကြီးသည့် အဖွဲ့အစည်းတစ်ခုအ ဖြစ် မွန်ဂိုလီးယားက အစဉ်အသိ အမှတ်ပြုပြီး အာဆီယံဒေသတွင်း ဖိုရမ်မှာ တောင်နှင့်မြောက် အရှေ့ အာရှနိုင်ငံများ၏ လုံခြုံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးတို့အတွက်အဓိကကျသည့် ဖိုရပ်တစ်ခုဖြစ် ကြောင်းနှင့် အာဆီယံ၏ အောင် မြင်မှုမှာ အာရှဒေသ ၏ အောင် မြင်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
အာဆီယံနှင့် ပိုမိုထိတွေ့ ဆက်ဆံနိုင်ရန် မွန်ဂိုလီးယား သည် ပြီးခဲ့သည့်နှစ် မတ်လက အာဆီယံအထွေထွေ အတွင်းရေး မှူးချုပ်ရုံးရှိသည့် ဂျကာတာတွင် သံရုံးတစ်ခု ဖွင့်လှစ်ခဲ့သည်။
အေးသူစံ | 7day

မှတ်ချက်များ