အီရတ်နိုင်ငံက ကာ့ဒ်လူမျိုးစုခေါင်းဆောင်က အစ္စ လာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တွေကို ခုခံတိုက် ခိုက်ဖို့ အတွက် လက်နက်အထောက်အပံ့ ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အဆိုပါအကြမ်းဖက်သမားတွေက ကလေးငယ်တွေ နဲ့ အမျိုးသမီးတွေကို အရှင်လတ်လတ် မြေမြုပ် သတ်ဖြတ်မှုတွေ လုပ်ကြောင်း စွပ်စွဲခံထားရပါတယ်။
ISIS အကြမ်းဖက် အဖွဲ့ဟာ လက်ရှိ အနေအထား အရ အယ်လ်ကိုင်ဒါး အဖွဲ့ထက် ပိုမိုအင်အား တောင့်တင်းနေပြီး အမေရိကန်နဲ့ အနောက်နိုင်ငံ တွေအတွက် တိုက်ရိုက် အန္တရာယ်ပေး နိုင်ကြောင်း အမေရိကန်တို့က သတိပေးထားပါတယ်။
အီရတ်မြောက်ပိုင်း မှာရှိတဲ့ ISIS အဖွဲ့အပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက် မှုတွေရှိ ခဲ့ပေမယ့် အရင်ကလို မြေပြင်ကနေ ၀င်ရောက် တိုက်ခိုက်တာမျိုးကိုတော့ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ အမေရိ ကန် သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက် သမားတွေရဲ့ လူမဆန်စွာ ရက်စက်မှုရန် ကနေ စင်ဂျာတောင်တန်းတွေ ဘက်ကို ထွက်ပြေး ခဲ့ကြရတဲ့ လူဦးရေ ၅ သောင်းလောက်ရှိတဲ့ ရာဇီဒီ လူမျိုးတွေအတွက်လည်း အမေရိကန်က လေကြောင်း ကနေ စားနပ်ရိက္ခာတွေ ကူညီချပေးခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ လူနည်းစု ရာဇီဒီလူမျိုးတွေဟာ အနည်းဆုံး လူဦးရေ ၂ သောင်းလောက် ဘေးကင်းလုံခြုံတဲ့ နေရာမှာ ရောက်ရှိနေတယ်လို့ အီရတ်အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ABC Radio Australia

မှတ်ချက်များ