![]() |
| အနောက်အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိသွား |
ဗြိတိန်နိုင်ငံက GSK ဆေးထုတ်လုပ်သူတွေနဲ့ အမေရိကန် သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး တိရိစ္ဆာန် တွေပေါ် ကို စမ်းသပ်ရာမှာ အောင်မြင်မှု ရတဲ့အတွက် လူသားတွေအပေါ် စမ်းသပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အမှန်မှာတော့ အဲဒီဆေးတွေကို နောက်နှစ်တွေကြမှ လူသားတွေအပေါ် စမ်းသပ်ဖို့ စီစဉ်ကြပေမယ့် အခုလောလောဆယ် အီဘိုလာ ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့နေတဲ့အတွက် စက်တင်ဘာလလောက်မှာ စမ်းသပ်မှု စတင်နိုင်တယ်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။ ပထမအဆင့် စမ်းသပ်မှု အောင်မြင်ရင်တော့ ၂၀၁၅ ခုနှစ်ကြရင် ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ ထင်ထားတာထက် ဆိုးဝါးနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။
အခုလောလောဆယ် အီဘိုလာ ရောဂါပိုး ကူးစက် ခံရသူ ၁၈၀၀ ကျော်ရှိပြီး ကူးစက်ခံရသူ ၅၅% ကနေ ၆၀% လောက် သေဆုံးခဲ့ပြီ ဖြစ်ပါ တယ်။
ကူးစက်ခံရမှုတွေ ပိုများနိုင်တယ်လို့လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
ရောဂါပြန့်ပွားနေတဲ့အတွက် လိုင်ဘေးရီးယားနိုင်ငံ ဘုရားကျောင်းလိုနေရာမှာ လူစုလူဝေး မလုပ်ကြဖို့ အစိုးရက ညွှန်ကြားထားတာကို ဆန့်ကျင်တဲ့အနေနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ စုဝေးပြီး ဝတ်ပြုဆုတောင်း ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ABC Radio Australia


မှတ်ချက်များ