မိုးမခ မဂ္ဂဇင်း စင်္ကာပူမှာလည်း ဝယ်ယူ ဖတ်ရှုနိုင်ပြီ

စင်္ကာပူရောက် မြန်မာ အိမ်အကူတို့အကြောင်း ဆောင်းပါး၊ အ ချက်အလက်၊ အင်တာဗျူးများ ပါဝင်သည့် ယခုလထုတ် မိုးမခ မဂ္ဂဇင်းကို စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

စင်္ကာပူ ပင်နီဆူလား ပလာဇာရှိ ဆိုင်တချို့တွင်လည်း လာမည့် ရက်ပိုင်းအတွင်း ဝယ်နိုင်မည်ဟု သိရသည်။

မိုးမခကို ဇူလိုင်မှ စတင်ပြီး စင်္ကာပူဈေးကွက်သို့ ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။

မလေးရှားခရီးသွားဆောင်းပါးဖြစ်သည့် ကွာလာလမ်ပူတခွင် ခရီးနှင်၊ လင်းယုန်မောင်မောင်နှင့် ဦးဝင်းတင် တွေ့ဆုံနေကြ သည်ဆိုပါက ဆရာတို့ ဘာပြောနေကြမလဲ၊ ပန်းချီခင်မောင် ရင်နှင့် မေးခွန်းများ အဖြေများ၊ ကဖျက်ယဖျက် ဆူးတွေကြားမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အစရှိသည့် ဆောင်းပါး အင်တာ ဗျူးများအပါအဝင် ဖတ်စရာ သုတ ရသ များစွာ ပါဝင်သော သြဂုတ်လထုတ်မိုးမခဖြစ်သည်။

မြန်မာမိတ်ဆွေတဦးကို လက်ဆောင်ပေးရန် အသင့်တော်ဆုံးသော လက်ဆောင်များထဲတွင် ပါဝင်သည့် မြန်မာမဂ္ဂဇင်းတအုပ်ကို ရွေးချယ် ဝယ်ယူလိုက်ပါ။

မိုးမခ

မှတ်ချက်များ