၁၁ နှစ်ကြာ ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေး လုပ်ငန်းများကို သြဂုတ် ၁၀ ရက်တွင် စတင် ပြီဟု စီစဉ်သူတို့က ဆိုလိုက်ကြပြီး စိတ်ဝင်စားသူအ ချို့ လာရောက်ကြည့်ရှုခြင်းဖြင့် သာကေတမြို့နယ် ယခင်ရှုခင်းသာ ကလေးကစားကွင်းတစ်ဝိုက်စည် ကား လျက်ရှိသည်။
“ဒီနေ့လုပ်ငန်းတွေကို စပါတယ်။ မြစ်သုံးဆိုင်နေ ရာမှာပါပဲ။ နေရာရွှေ့တယ် ရပ်တယ်ဆိုတာတွေက မဟုတ် ပါဘူး။ လုပ်ငန်းနေရာကိုတော့ ဘယ်သူမှ လာလို့မရဘူး ”ဟု တူးဖော်ရေးရန်ပုံငွေ ထည့်ဝင်ထားသူ ဦးဝင်းမြင့်က ဆိုသည်။
ယင်းခေါင်းလောင်းကို တာဝန်ယူဆယ်ယူသူ ဦးစံလင်းကမူ “ဒီအကြောင်းတွေကို အခုမပြောနိုင်သေးပါဘူး” ဟု ဆိုသည်။
ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာ ရှုခင်းသာ ဘိုးလင်းကွင်း နောက်တည့်တည့် ရှိ ရေပြင်တွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းနေရာအနီးတစ်ဝိုက် ကို စက်လှေများဖြင့် သွားရောက် ကြည့်ရှုသူများပင်ရှိသည်ကို မဇ္ဈိမက မျက်မြင်တွေ့ရှိသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေခြင်းကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်သည်။
“ဆယ်မယ်လို့ ပြောလို့ လာကြည့်တာပါ။ ဒါက လူတိုင်းစိတ်ဝင်စားတဲ့အရာဖြစ်တယ်လေ”ဟု ဒေါပုံမြို့ နယ်နေ ကိုသိန်းလွင်က ဆိုသည်။
ခေါင်းလောင်းကြီးဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ခွင့်ပြု မိန့်ပေးခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့မှ ရေငုပ်သမား ဆယ်ယောက်နှင့်အတူ သောင်တူးစက်တို့ကို အသုံးပြု ၍ ဆယ်ယူသွားမည်ဟု ဦးဝင်းမြင့်က ပြောသည်။
ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၁ မှ ၁၄၉၂ ခုနှစ်တွင် ဓမ္မစေတီမင်းမှ သွန်းလုပ်ခဲ့ကာ ခရစ်နှစ် ၁၄၇၆ ခုနှစ် အောက်တိုဘာတွင် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းခဲ့သည်။ ခေါင်းလောင်းကြီးသည် ကြေးတန် ချိန် ပေါင်း ၁၈၀,၀၀၀ ပိဿာ အလေးချိန်ရှိကာ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများအနက်မှ တစ်လုံး ဖြစ် သည်။
၁၆၁၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာက ဖောင်သင်္ဘောဖြင့် သန်လျင်သို့ သယ်ဆောင်စဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရက လေးကြိမ် သယ်ယူခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။
ဟိန်းကိုစိုး၊ ကျော်စွာဝင်း | mizzima

မှတ်ချက်များ