ဝိုင်ဖိုင်စနစ် အခမဲ့ အင်တာနက်သုံးခွင့် ဆယ့်ငါးမိနစ် ထပ်တိုးပေး

ဝိုင်ဖိုင်စနစ်ဖြင့် အခမဲ့အင်တာနက်သုံးစွဲခွင့် အချိန် ဆယ့်ငါးမိနစ် ထပ်မံတိုးမြှင့်ပေးထားသည်ဟု Red Link ကုမ္ပဏီမှ သိရသည်။ယခင်က ဝိုင်ဖိုင်စနစ်ဖြင့် အခမဲ့အင် တာ နက်သုံးစွဲခွင့်ပေးထားသည့် နေရာ များတွင် ၁၅ မိနစ်အထိသာ သုံးစွဲခွင့်ပေးထားပြီး သတ်မှတ်ချိန်ပြည့်ပါက အင်တာနက်စနစ်ကိုအ လို အလျောက် ဖြတ်တောက်ပြီး နော က်တစ်ကြိမ် Pass word ပြန်ဝင်ပြီးမှသာ အသုံးပြုနိုင်ခဲ့သည်။

လက်ရှိသုံးစွဲခွင့်ပေးထားသည့် အချိန်မှာ မိနစ် ၃ဝ ဖြစ်ကြောင်း၊ ရွှေတိဂုံဘုရားရင်ပြင်တွင် ဝိုင်ဖိုင်စနစ် သုံးစွဲ ခွင့်ပေးပြီးနောက်စနစ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း Red Link ကုမ္ပဏီ Marketing ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

”နောက်ထပ်ဝန်ဆောင်မှုပေးမယ့် နေရာတွေမှာလည်း အလားတူပုံစံမျိုးပဲ ပေးသွားမှာပါ။ နာရီဝက်တစ် ခါ ပြန်ဝင်သုံးရတယ်ဆိုပေမယ့် အရင်လို mail ဝင်ပြီးသုံးရ တဲ့စ နစ်တွေကို ပယ်ဖျက်ပေးထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် Red Link ကုမ္ပဏီသည် အခမဲ့ဝိုင်ဖိုင်အင်တာနက်သုံးစွဲခွင့်ကို ရန်ကုန်တိုင်း ဒေသကြီး တွင် ရွှေတိဂုံစေတီတော်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (Y.U.F.L)၊ ကန်တော်ကြီး (အပန်းဖြေပန်းဥယျာဉ်)၊ ဆေး တက္ကသိုလ် (၁)နှင့် မန္တလေးတိုင်းဒေသကြီး တွင်မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရင်ပြင်တော်နှင့် ပုဂံတွင် အာနန္ဒာဘုရား၊ သဗ္ဗေညုဘုရား၊ ရွှေစည်းခုံ ဘုရားနှင့် ပုဂံလေဆိပ်တို့တွင် သုံးစွဲ ခွင့်ပေးထားသည်။

ယင်းအပြင်ဆက်လက်၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ဘူတာကြီး၊ ရန်ကုန်ပြည်တွင်းလေဆိပ်နှင့်မန္တလေး တက္ကသိုလ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ တွင် ထပ်မံ တိုးချဲ့ဆောင်ရွက်ပေးသွားရန်ရှိကြောင်း၊ လတ်တလောအခြေအနေအရ အဆိုပါ နေရာများအား ဝန်ဆောင်မှုပေးရန်အတွက် သက်ဆိုင်ရာဌာနများကို စာတင် ထာြး ခင်း၊ေ ဆွးနွေးခြင်းများ ပြုလုပ်နေကြောင်း ခွင့်ပြုချက်ရရှိသည့်နေရာကို အရင်ဆုံးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

popular journal

မှတ်ချက်များ