Sony ရဲ့ Playstation 4 က Microsoft ရဲ့ Xbox One ထက် ရောင်းအားပိုကောင်း


လက်ရှိအချိန်မှာ Sony ရဲ့ ထုတ်ကုန် ဂိမ်းဖြစ်တဲ့ Playstation 4 ဟာ Microsoft ရဲ့ ထုတ်ကုန် ဂိမ်း ဖြစ်တဲ့ Xbox One ထက် ၂ဆ နီးပါး ရောင်းအားပိုကောင်းနေပါတယ်။

ဇွန်လ ၃၀ ရက်နေ့အထိ ရောင်းအားစာရင်းများအရ Sony ရဲ့ ထုတ်ကုန် ဂိမ်းဖြစ်တဲ့ Playstation ဟာ Microsoft ရဲ့ ထုတ်ကုန် ဂိမ်း ဖြစ်တဲ့ Xbox ထက် ရောင်းအားပိုကောင်းခဲ့ပါတယ်။ Sony ဟာ Playstation 3 နဲ့ Playstation 4 တို့ကို အရေအတွက် ၃.၅ မီလီယံ ရောင်းချနိုင်ချိန်မှာ Microsoft ဟာ Xbox One နဲ့ Xbox 360 ကို ၁.၁ မီလီယံ အရေအတွက်သာ ရောင်းချနိုင်ခဲ့ပါတယ်။

ယခုတစ်ပတ်ရဲ့ အစောပိုင်းက Sony ဟာ သူတို့ရဲ့ ရောင်းအားနဲ့အကျိုးအမြတ်ကို ချပြခဲ့ပါတယ်။ Sony ဟာ တီဗွီ နဲ့ပတ်သတ်တဲ့ စီးပွားရေးနဲ့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စီးပွားရေးတို့ကို ရောင်းချခဲ့သလို ရှယ်ယာအချို့ ကိုလည်း Square Enix တို့ကိုရောင်းချခဲ့ပြီးဖြစ်ပေမယ့်လည်း Playstation 4 ရဲ့ရောင်းအားကတော့ အကောင်းဆုံးအဆင့်မှာ ရှိနေဆဲဖြစ်ပါတယ်။

Sony က ဧပြီလကနေ ဇွန်လအထိ Playstation 3 နဲ့ Playstation 4 ရဲ့ စုစုပေါင်း ရောင်းအားက အရေအ တွက် ၃.၅မီလီယံ ခန့်ရှိတယ်ဆိုသော်လည်း ဧပြီလမတိုင်မီက Playstation 4 တစ်မျိုးတည်းရဲ့ ရောင်းအား မှာမူ ၇မီလီယံရှိခဲ့တဲ့အတွက် လက်ရှိအချိန်မှာ Playstaion 4 တစ်မျိုးတည်းရဲ့ ရောင်းအားမှာ ၉ မီလီယံ အထိရှိ တယ်လို့ဆိုနိုင်ပါတယ်။

Microsoft ကလည်း ဧပြီလကနေဇွန်လအထိ Xbox One နဲ့ Xbox 360 စုစုပေါင်း အရေအတွက် ၁.၁ မီလီယံ ရှိတယ်ဆိုသော်လည်း ၂၀၁၃ နှစ်ကုန်ပိုင်းအထိ Xbox One တစ်မျိုးတည်းကိုပဲ ၃ မီလီယံခန့် ရောင်းချနိုင်ခဲ့ တဲ့အတွက် Xbox One ရဲ့ လက်ရှိ အချိန်အထိ ရောင်းအားမှာ ၅ မီလီယံခန့် ရှိတယ်လို့ ဆိုနိုင်သော်လည်း ခြုံငုံသုံးသပ်ကြည့်ပါက Sonyရဲ့ Playstation 4 ဟာ Microsoft ရဲ့ Xbox One ထက် ရောင်းအားပို မို ကောင်းနှေဆဲဖြစ်ပါတယ်။

Mario | Trend Myanmar

မှတ်ချက်များ