ဇန်နဝါရီမှ ဇူလိုင်အထိ မီးလောင်မှု အကြိမ်တစ်ထောင်ကျော်ဖြစ်ခဲ့၊ သိန်းသုံးသောင်းငါးထောင် နီးပါးဆုံးရှုံး
မြန်မာနိုင်ငံအတွင်း နှစ်စဉ်ဖြစ်ပေါ်နေသည့် မီးလောင်မှုများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၇ လ အတွင်း မီးလောင်မှု အကြိမ်အရေအတွက်မှာ ၁ဝ၈၈ ကြိမ် ရှိပြီး ကျပ်သိန်းသုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မီးလောင်ကျွမ်းမှုတွေအနက် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ မီးဖိုမီးကြောင့် ဖြစ်သည်။
ယခင် ၂ဝ၁၃ ခုနှစ်တွင် မီး ၁၂ဝ၉ ကြိမ်မီးလောင်ခဲ့ပြီး အိမ်ခြေအဆောက်အဦး ၄၁၅၁ လုံးဆုံးရှုံးခဲ့ရသည်။
မီးလောင်မှုကြောင့် ဒုက္ခသည်ပေါင်း ၁၉၉၇၄ ရှိခဲ့ပြီး သေဆုံးသူ ၅ဝ၊ ဒါဏ်ရာရရှိသူ ၁ဝ၇ ဦးရှိခဲ့ကာ ဆုံရှုံးမှု တန်ဖိုး ကျပ်သိန်းသုံးသောင်း နှစ်ထောင် နီးပါးရှိသည်။ ထို့ပြင် စက်ရုံ ၁၀ ရုံနှင့် ဂိုဒေါင် ၄ဝ ခန့်ဆုံးရှုံးခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင်မူ မီးလောင်မှုအကြိမ် ၁ဝ၈၈ ရှိခဲ့ပြီး ဒုက္ခသည် ၉၃၆၂ ဦးရှိကာ သေဆုံးသူ ၄၂ ဦး ဒါဏ်ရာ ရသူ ၁၁ဝ ဦး ရှိခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦးပေါင်း ၂၆၃၇ လုံးဆုံးရှုံးခဲ့ပြီး စက်ရုံ ၄ ရုံ၊ ဂိုဒေါင် ၆ဝ ခန့် ဆုံးရှုံးခဲ့သည်။
၂ဝ၁၄ ခုနှစ် ၇ နှစ်လ အတွင်း မီးလောင်မှုအကြိမ်ရေ အများဆုံးမှာ မန္တလေး၊ ရှမ်း၊ စစ်ကိုင်းတို့ဖြစ်ပြီး အနည်း ဆုံးမှာ နေပြည်တော်၊ မွန်၊ ကချင်ပြည်နယ် တို့ဖြစ်သည်။
ယခုနှစ် ၇ လတာကာလအတွင်း မီးလောင်ကျွမ်းမှုသည် ယခင်နှစ်များထက် ၂၁ ကြိမ်ခန့် လျော့နည်းခဲ့သော် လည်း ဆုံးရှုံးမှုတန်ဖိုးမှာ လျော့ကျသွားခြင်း မရှိပေ။
mizzima

မှတ်ချက်များ