ဆိုင်ရှေ့ရပ်ထား သည့်ယာဉ်ကြောင့် ယာဉ်ကြောပိတ်လျှင် လုပ်ငန်းလိုင်စင် သက်တမ်းတိုး ပေးမည်မဟုတ်


 စည်ပင်သန့်ရှင်းရေးဌာနမှ လုပ်ငန်း လိုင်စင်ရယူထားသည့် မည်သည့် လုပ်ငန်း ရှင်မဆို ဆိုင်ရှေ့လမ်းမပေါ် တွင် ယာဉ်နှစ် ထပ်ရပ်နားခြင်း၊ ယာဉ်ကြောပိတ်ဆို့စေ ခြင်းတို့ဖြစ်ပေါ်ပါက လာမည့်စည်ပင် ဘဏ္ဍာနှစ် အတွက် လုပ်ငန်းလိုင်စင် သက် တမ်းထပ်တိုးခွင့်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေး ကော် မတီမှ ကော်မတီဝင်(၅) ဒေါက်တာသွင် ကျော်ကျော်က ပြောသည်။

မန္တလေးခရိုင်တွင် ဆိုင်ကယ်အပါအ၀င်မော်တော်ယာဉ်အစီးရေ ငါးသိန်းကျော် ရှိရာ နေ့စဉ်ယာဉ်နှင့် လမ်းအ သုံးပြုသူများ ပြားလာသည့်အပြင် အချက်အချာကျသည့် လမ်းများ ဘေးဝဲယာတွင်ဖွင့်လှစ်ထားသည့် ဆိုင် များရှေ့တွင် အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားထားခြင်း၊ ယာဉ်နှစ်ထပ်ရပ် ခြင်းနှင့် ၎င်းယာဉ်ရပ်နားမှုကြောင့် ယာဉ် ကြောရှုပ်ထွေးမှုများ နေ့စဉ်မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် ယာဉ်ရပ်နားရန်နေရာ လုံလောက်စွာ မရှိသည့်ဆိုင်များသို့ လာ ရောက်သည့် ယာဉ်များကို နှစ် ထပ်ရပ်နား ခြင်းများ၊ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ် စေရန် အသိပေးတားမြစ်ရမည်ဖြစ်သည်ဟုဆိုသည်။

ထို့သို့မဟုတ်ပါက အဆိုပါဆိုင်၏လုပ် ငန်းလိုင်စင်ကိုလာမည့်စည်ပင်ဘဏ္ဍာနှစ် လုပ်ငန်းလိုင်စင် သက်တမ်း တိုးခွင့်ကို ပြန် လည်စဉ်းစားမည်ဖြစ်ပြီး တိုင်ကြားမှုများ ရှိပါက လုပ်ငန်းလိုင်စင်ထုတ်ပေးတော့မည် မဟုတ် ဟု ဆိုသည်။

သြဂုတ် ၁၅ ရက်မှစတင်၍ မန္တလေး မြို့ရှိ အချက်အချာကျသော လမ်းမကြီး ကိုးနေရာတွင် နံနက် ၇ နာရီ မှ ၉ နာရီခွဲ အထိ တစ်ချိန်၊ မွန်းလွဲ ၃နာရီ မှ ညနေ ၆နာရီအထိ တစ်ချိန်မည်သည့်ယာဉ်မှ ရပ်နားခွင့် မပြုတော့ပေ။

အဆိုပါလမ်းမများမှာ ၂၆လမ်း၊ လမ်း ၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်း၊ ၆၂လမ်း၊ ၇၈ လမ်း၊ ၇၃လမ်း၊ လမ်း၈၀ ၊ ၈၄လမ်းတို့တွင် ရပ်နားသည့်ယာဉ်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီက ပူးပေါင်းအဖွဲ့သုံးဖွဲ့ဖြင့် လိုက်လံစစ်ဆေး၍ အရေးယူသွားမည်ဖြစ်သည်။

ဖြိုး | mizzima

မှတ်ချက်များ