မန္တလေး အဓိကရုဏ်းတွင် တရားစွဲခံထားရသူများကို အခမဲ့ရှေ့နေလိုက်ပေး


မန္တလေးဘာသာရေး ပဋိပက္ခအတွင်း တရားစွဲဆိုခံထား ရသူများထဲမှ ခုနစ်ဦးကို မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်း သိမ်းရေးကော် မတီတွင်ပါဝင်သော ရှေ့နေများက အခမဲ့ရှေ့နေလိုက်ပေးနေ ကြောင်းသတင်းရရှိသည်။

ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်မှုအနက် ကိုထွန်းထွန်းကို သတ်ခဲ့သည့် အမှုမှ နှစ်ဦး ၊ အေးရိပ် ငြိမ်သုသာန် ရှိ အစ္စလာမ်ဘာသာဝင် သင်္ချိုင်း ဖျက်ဆီးမှုတွင် တစ်ဦး၊ ဖလံ ဖိုဗလီအနီးတွင် လူရိုက်မှုကြောင့် လူငယ်လေးဦးတို့သည် တရားရုံး ၌ အသီးသီးတရားစွဲဆိုခံနေရပြီး ၎င်းတို့ဘက်မှ တရားခံရှေ့နေများ အနေဖြင့် အခမဲ့ရှေ့နေလိုက်ပေးနေကြောင်း မန္တလေးမြို့ ငြိမ်းချမ်း မှု ထိန်းသိမ်းရေးကော်မတီမှ ကော်မ တီဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

‘‘တရားလိုဘက်က ဖြစ်ဖြစ်၊ တရားခံဘက်က ဖြစ်ဖြစ် ဘာသာ ရေးပဋိပက္ခထဲမှာ ပါဝင်နေတဲ့သူ ဘယ်သူ့ ကိုမဆို အခမဲ့ရှေ့နေ လိုက်ပေးမယ်။ နောက်ကွယ်က လူတွေကို မဖမ်းဘဲ ရှေ့ကလူတွေ ကိုပဲ ဖမ်းဆီးတာ မျိုးတွေ လုပ်နေ တယ်လို့ မြင်လို့ အခုလို ကူညီပေး တာ’’ဟု ဦးသိန်းသန်းဦးက ထည့် သွင်းပြောသည်။

ဇူလိုင် ၂ ရက်က စတင်ဖြစ် ပွားခဲ့သည့် မန္တလေးမြို့ ပဋိပက္ခကြောင့် လူသတ်မှုနှစ်ခုဖြစ်ပွားပြီးနောက် မြို့ တွင်းရပ်ကွက်အ ချို့တွင်လည်း ရိုက်နှက်မှု၊ ကား မီးရှို့မှုများ၊ အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းကိုလည်း ဖျက်ဆီးမှုများရှိခဲ့သည်။

ယင်းဖြစ်စဉ်များတွင် ပါဝင်သူ ၅၇ ဦးကို အမှုဖွင့်ခဲ့ပြီး တရားစွဲဆိုမှုများ ပြုလုပ်နေ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးဇော်မင်း ဦးက ပြောသည်။

တရားစွဲဆိုခံထားရသည့် အမျိုးသား ခုနစ်ဦးကို မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မ တီဝင်များဖြစ်ေ သာ ရှေ့နေလေး ဦး စုပေါင်း၍ တရားခံရှေ့နေများ အနေဖြင့် အခမဲ့လိုက်ပေးနေခြင်း ဖြစ်ကြောင်း ဦးသိန်း သန်းဦးက ဆိုသည်။

အေးမွန်ရာပြည့် | 7day



မှတ်ချက်များ