Miss Myanmar Inter- national ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်ညက ပြုလုပ် ခဲ့ရာ ပရိသတ် အားပေးမှုအများဆုံး ရရှိသည့် ခါး နံပါတ် ၁၆ ခင်ဝေဖြိုး ဟန်ဆုရရှိခဲ့ ၍ ပရိသတ်အကြိုက်နှင့် ထပ်တူကျသည့် ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ သည်။
ယင်းပြိုင်ပွဲကို အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ ပြီး ဆန်ခါ တင်ရွေးချယ်သော ပြိုင်ပွဲဝင်များက ရိုး ရာဝတ်စုံ၊ ရေကူး ၀တ်စုံနှင့် ညနေခင်းဝတ်စုံများ ၀တ်ဆင်၍ ယှဉ်ပြိုင်ခဲ့ကြသည်။
‘‘ခါးနံပါတ် (၁၆) ကိုပဲရမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူ့မှာ က အပြစ်ပြောစရာမရှိဘူး။ နိုင်ငံ တကာကို ယှဉ်နိုင်တဲ့အရည်အချင်း နဲ့ ပြည့်စုံမယ်လို့လည်း ယုံတယ်’’ဟု ယင်းပြိုင်ပွဲ ကိုလာရောက်ကြည့်ရှု သည့် အမျိုးသမီးပရိသတ်တစ်ဦးက ဆုမကြေညာမီ၎င်း၏ အမြင် ကို ပြောသည်။
ပြိုင်ပွဲတစ်လျှောက်တွင် Miss Myanmar International 2014 ဆုရရှိခဲ့သော ခင်ဝေဖြိုး ဟန်မှာ အခြားပြိုင် ပွဲဝင်များထက် အားပေးမှုပိုမိုရရှိခဲ့ပြီး ဆန်ခါ တင် ဆယ်ဦးအဆင့်၌ ဉာဏ်စမ်းဖြေဆိုသည့်ကဏ္ဍတွင် အခြား ပြိုင်ပွဲဝင်များထက် ၎င်း၏ အဖြေ များကို ပရိသတ်များက အားပေး ခဲ့သည်။ ထို့အပြင် နောက်ဆုံး ဆန်ခါတင် သုံးဦးအဆင့်၌ မေး ခွန်းတူဖြေဆိုခဲ့ရာတွင်လည်း ၎င်း၏အဖြေကို ပရိသတ်များက အ ထူးအားပေးခဲ့သည်။
ခင်ဝေဖြိုးဟန်သည် အင်တာနေရှင်နယ်ကျောင်းတွင် Grade -12 တက်ရောက်နေသူ ကျောင်း သူတစ်ဦးဖြစ် ၍ ၎င်း၏ အင်္ဂလိပ်စာအရည်အသွေးကိုလည်း ပရိသတ်များက အားရကျေနပ်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် အခြားဆု များအနေဖြင့် 1st Runner Up ဆု နှင့် Miss Photogenic ဆုကို ခါးနံပါတ် (၁၈) မေ ဘရဏီသော်၊ 2nd Runner Up ဆုကို ခါးနံပါတ်(၁၂) သဒ္ဒါမရိုင်ရန်၊ Miss Beauty & Healthy ဆုကို ခါးနံ ပါတ် (၅)အိနုဝေ၊ Miss Talent ဆုကို ခါး နံပါတ် (၁၅) သိမ့်ဟန်သော်တို့ရရှိ ခဲ့သည်။
Miss Myanmar Internati-onal 2014 ဆုရရှိသည့် ခင်ဝေ ဖြိုးဟန်သည် ဂျပန်နိုင်ငံ၌ ပြုလုပ် မည့် Miss International 2014 ပြိုင်ပွဲသို့ နိုဝင်ဘာတွင် သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံ အနေဖြင့် တတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် တွင် နန်းခင်ဇေယျာ၊ ၂၀၁၃ ခုနှစ်တွင် ဂုဏ်ရည်အေး ကျော်တို့က မြန်မာနိုင်ငံကိုယ်စား ပြုသွားရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။
ဇွဲဉာဏ် | 7day

မှတ်ချက်များ