လေကြောင်းတက္ကသိုလ် ၀င်ခွင့် အမျိုးသမီး စတင်လက်ခံ

အမျိုးသားများသာ လက်ခံခဲ့သော မြန်မာနိုင်ငံေ လကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် အမျိုးသမီး များကိုပါ လက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္က သိုလ်တွင် အမျိုးသမီးများ ၀င်ခွင့်လက်ခံလိုက်ခြင်း သည် ပြည်တွင်းရှိ အသက်မွေးဝမ်းကျောင်း တက္က သိုလ် တိုင်းတွင် အမျိုးသမီးများ ပညာသင်ယူခွင့် ပြု လိုက်ခြင်းဖြစ်သည်။

‘‘ဘယ်ဘာသာရပ်မဆို အမျိုးသမီးတွေ တက်လို့ရပါပြီ။ အရင်တုန်းကတော့ နဂို ပေါ်လစီပေါ့နော်။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း ကျား၊ မ ခွဲခြားထားတာ မရှိ ပါဘူး။ အဲဒါကြောင့် အမျိုးသမီးတွေကို ၀င်ခွင့် လက်ခံဖို့ ဆောင်ရွက်လိုက်တာပါ’’ ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ ပါမောက္ခ ချုပ် ဒေါက်တာ ကြည်သွင် က ပြောသည်။

မိတ္ထီလာမြို့ရှိ ယင်းတက္ကသိုလ်တွင် ယခင်က အမျိုးသားများသာ ၀င်ခွင့်ပြုခဲ့ပြီး လာမည့် ပညာသင်နှစ်မှစ တင်၍ အမျိုးသား ၈၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၀ ရာခိုင်နှုန်း ပြောင်းလဲလက်ခံရန် ကြေညာထားသည်။

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရမှတ် ၄၂၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး စုစုပေါင်း ကျောင်းသား ၁၄၀ ဦး လက်ခံ သွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် တက္ကသိုလ် တက်ရောက်သော ကျောင်းသားများအနေဖြင့် မိမိအစီအစဉ်ဖြင့် အဆောင်ေ နထိုင်ရလျက် ရှိသော်လည်း ကျောင်းသားဆောင် များ တည်ဆောက်သွားရန် ၀န်ကြီးဌာနက စီစဉ်ဆောင် ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် နည်းတူ အမျိုးသမီး ၂၀ ရာခိုင်နှုန်း ၀င်ခွင့်လက်ခံ ရန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ အခြေခံ ကျန်းမာရေး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တို့က သတ်မှတ်ထားသည်။

Myanmar News Media

မှတ်ချက်များ