ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကင်းဆိပ်ကျေး ရွာအုပ်စု လက်ပံခုံကျေးရွာ ဆင်မြီးဆွဲကမ္ဘာအေးစေ တီ ဘုရားဝင်းထဲမှာ သြဂုတ်လ ၁၈ ရက် မနက် ၁၁ နာရီက အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲ ချ သေဆုံးခဲ့ပါတယ်။
ဘုရားဝင်းထဲက အမြင့် ၁၂ ပေရှိတဲ့ ညောင်ပင်ရဲ့ သစ်ကိုင်းတစ်ခုမှာ ကြိုးဆွဲချသေခဲ့တာ ဖြစ်ပြီး စိတ်ကျန်း မာရေးချို့တဲ့သူ ဖြစ်တယ်လို့ သိရ ပါတယ်။
“သူက စိတ်ကျန်းမာရေး မကောင်းတာကြာပြီ။ သားတစ်ယောက်ရှိပေမယ့် အတူမနေဘူး။ သူက လမ်းတ ကာ လျှောက်သွားနေတာ အိမ်က ပျောက်သွားတာ မိသားစုက မသိလိုက်ဘူး” လို့ ကင်းဆိပ်ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးကျော်ဝင်းက ဆိုပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီး တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ် ၁၁/၂၀၁၄ နဲ့ အမှုဖွင့်ထားပါတယ်။
တောင်ငူခရိုင် ခြောက်မြို့နယ်အတွင်းမှာ ဒီနှစ် ဇန်နဝါရီကနေ ဇူလိုင်လအထိ ၇ လအတွင်း ကြိုးဆွဲချ သတ်သေမှုပေါင်း ၂၀ နီးပါး ရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရပါတယ်။
The Voice Weekly

မှတ်ချက်များ