အချင်းချင်းနောက်ပြောင်ရာမှ စကားများစဉ် ဓါးဖြင့်ထိုး၍ သေဆုံး

၁၇.၈.၂၀၁၄ ရက်နေ့ ၀၇၅၀ အချိန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အမှတ် (၂) လမ်းမဘေးရှိ သားသတ်ရုံတွင် ဓါးထိုး မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေး ခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ သားသတ်ရုံ ဝင်းအတွင်းရှိ လက်ဘက်ရည် ဆိုင်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် နေသူများ ဖြစ်ကြသည့် ကျော် စွာအောင်ခန့် (ဘ)ဦးအောင်မြင့်နှင့် စိုးမိုး (ဘ) ဦးမောင်ကျော်တို့သည် အချင်းချင်း နောက်ပြောင်ရာမှ စကား များကြစဉ် ကျော်စွာအောင်ခန့်မှ အသင့် ပါလာသော အသားလှီးဖြတ်ရာတွင် အသုံးပြုသည့် အရိုးအသွား (၁၀)လက်မ ခန့်ရှိဓါးဦးချွန် ဖြင့်ထိုးခဲ့၍ စိုးမိုးတွင် ဝမ်းဗိုက်နှင့်ရင်ညွှန့်တို့၌ ထိုးသွင်းဒဏ်ရာ၊ ဝဲလက်မောင်းနှင့် ယာလက်မတို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ တင်ပို့ခဲ့ရာ လမ်းတွင် သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ကျော်စွာအောင်ခန့်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မ ရဲစခန်း(ပ) ၄၀၃/ ၂၀၁၄၊ ပြစ် မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ