စဥ့်ကိုင် လယ်သမားများကို ထောင်ဒဏ် ၈ လစီ အမိန့်ချမှတ်

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က တပ် သိမ်းမြေမှာ ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တဲ့ တောင်သူေ တွထဲက ၁၄ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုး ဖျက်ဆီးမှုတွေနဲ့ စဥ့်ကိုင်မြို့နယ် တရားရုံးက ထောင် ဒဏ် ၈ လ ကနေ ၄ လစီ အသီးသီး အမိန့်ချမှတ် လိုက်ပါတယ်။

စဥ့်ကိုင်မြို့နယ် ပုလိပ်၊ ရွာသစ်၊ ဆီဆုံနဲ့ တက်မျှော စတဲ့ရွာတွေ က တောင်သူ စုစုပေါင်း ၁၅ ယောက်ကို ပိုင် နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲ ဆိုထားတာမှာ ဒီနေ့မှာတော့ တောင် သူ ၁၄ ယောက်ကို စဥ့်ကိုင်မြို့နယ် တရားရုံး က ထောင်ဒဏ် ၈ လ ကနေ ၄ လစီ အမိန့်တွေချခဲ့တာပါ။

ဒီကနေ့ အမှုစီရင်ချက်ချမှတ်ရာမှာ ဒီလယ်သမား ၁၅ ယောက်ကို အမှုတွဲတွေ ခွဲပြီး စီရင်ခဲ့တာ ဖြစ်ပါတယ်။

ပထမအမှုတွဲအနေနဲ့ ပုလိပ်၊ ရွာသစ်နဲ့ ဆီဆုံစတဲ့ ရွာ ၅ ရွာက တောင်သူ ၁၀ ယောက်တွဲကို ပုဒ်မတူ အမှု ၂ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၈ လ စီကျခံဖို့ အမိန့်ချမှတ်ခဲ့ တယ်လို့ လယ်သမားတွေရဲ့ ရှေ့နေ ဒေါ်သဲ စုဝေက ပြောပါတယ်။

လယ်သမားတွေ ခုလို တရားစွဲဆိုခံရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရွာသစ်ရွာက တောင်သူ ဦးစိုးဝင်းက လည်း အခုလိုရှင်းပြပါတယ်။

“၂၀၁၄ ထဲမှာ ၅ လပိုင်း ၁၆ ရက်နေ့ကစပြီး ထွန်တုံးတိုက်ပွဲလုပ်တယ်။ ၇ ရက်ဆိုတော့ ပုံမှန်မရှိဘူး။ ပထမ ရက်က ၃၀၀၊ နောက်ရက်က ၄၀၀၊ နောက်ရက် ၂၀၀ အဲလိုနဲ့ပဲ ၇ ရက်ပြည့်သွားတာ။ အဲဒီနောက် ပလပ် လယ်တွေမှာ ၀င်ရောက်လုပ်ကိုင်မယ်ဆိုပြီး တင်ထားတယ်။ ၇ ရက်အတွင်း ဖြေရှင်းပေးခြင်း၊ တားမြစ်ပေးခြင်းလည်း မရှိလို့ တောင်သူတွေက ကိုယ့်မြေကိုယ်ယာကို လုပ်နေကြတာ။”

နောက် အမှုတွဲအနေနဲ့ တက်မျှောကျေးရွာက လယ်သမား ၅ ယောက်ကိုတော့ စက်မှုဝန်ကြီးဌာန သိမ်းယူခဲ့ တဲ့ မြေဧက ၁၀၀ ကျော်မှာ ၀င်ရောက်ထွန်ယက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက္ကူစက်ရုံမန်နေဂျာက တရားစွဲဆို ခဲ့ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ရတာပါ။ လယ်သမားတဦးကိုတော့ သက်သေ မခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလို အမိန့်ချမှတ်တာဟာ ဥပဒေကျင့်ထုံးနဲ့ မကိုက်ညီတဲ့အတွက် ကျောက်ဆည်ခရိုင် တရားရုံးကို အယူခံ တင်ဖို့ ဒီနေ့ပဲ စတင်ဆောင်ရွက်နေပြီလို့ လယ်သမားတွေရဲ့ ရှေ့နေ ဒေါ် သဲစုဝေက ပြောပါတယ်။

ပုလိပ်၊ ရွာသစ်နဲ့ ဆီဆုံ စတဲ့ ရွာ ၅ ရွာက မြေဧက ၁၂၀၀ ကျော်ကို တိရစ္ဆာန်မွေးမြူုရေးနဲ့ ကုသရေးဌာနက ၁၉၈၂ ခုနှစ်တုန်းက သိမ်းယူခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဘက်စုံစီမံကိန်းအဖြစ် အသုံးပြုဖို့ လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှားရမ်းနေတဲ့ အတွက် ဒေသခံတွေက ပြီးခဲ့တဲ့ မေလမှာ လယ်မြေတွေပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ