ယခုဖြစ်စဉ်သည် အလွန်ရှားပါသည့် ဖြစ်စဉ်ဖြစ်ကြောင်းနှင့် မိကျောင်းအများအပြား ရှိနေသည့် အဆိုပါမြစ် အတွင်း ရဲများနှင့် ရှာဖွေရေးသမား များက မိချောင်းကို လိုက်လံရှာဖွေကာ ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် ပစ် သတ်လိုက် ရကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အဆိုပါ မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ်များ ဆောင်ရွက်နေသည့် Wallaroo Tours လုပ်ငန်းမှ ရော့ဘ် မာချန်းက မြစ်အတွင်း မိကျောင်း များရှိနေသည်မှာ လွန်ခဲ့သည့်နှစ်များစွာကပင်ဖြစ်ကြောင်း၊ မိကျောင်းများ သည် အသားစားသည့်သတ္တ၀ါများဖြစ်ခြင်းကြောင့် မိမိကိုယ်ကို ဂရုစိုက်ရန်သာ လိုကြောင်း ပြောကြားသည်။
အပျော်စီးသဘောင်္ခရီးစဉ်ဖြင့် လိုက်ပါသူများက အသားတုံးများကို ချိတ်တွင် ချိတ်ကာ မိကျောင်းများ အား ခုန်ဖမ်းစေခြင်းသည် ကမ္ဘာလှည့်ခရီးသည်များအတွက် စိတ်လှုပ်ရှားစရာ ခရီးစဉ်တစ်ခုဖြစ်သည်။
mizzima
မှတ်ချက်များ