ထိုသို့ဆောင်ရွက်ရာတွင် ဈေးနှုန်းအသက်သာဆုံးဖြင့် ထုတ်လုပ်ရောင်းချပေးနိုင်မည့် ပုဂ္ဂလိက ဓာတ်အား ထုတ်ဝေသူ (ပြည်တွင်း/ပြည်ပ) လုပ်ငန်းရှင်များကို ပေးသွားမည်ဖြစ်ကာ ယင်းလုပ်ငန်းရှင်ထံမှ ဓာတ်အားကို အစိုးရဌာနအနေဖြင့် ဝယ်ယူ၍ ပြန်လည် ဖြန့်ဖြူးရောင်းချသွားမည့် အစီအစဉ်ဖြင့် လုပ်ကိုင်နိုင်ရန် ကြိုး စားနေသည်ဟု ဆိုသည်။
“လျှပ်စစ်ဓာတ်အားကဏ္ဍ တိုးတက်လာဖို့အတွက် Independence Power Producer ဆိုတဲ့ ပုဂ္ဂလိက ဓာတ် အားထုတ်လုပ်သူတွေကို အပြိုင်အဆိုင်ပေးဖို့ စီစဉ်နေတာရှိတယ်။ ရင်းနှီး မြှုပ်နှံမယ့်သူတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ဓာတ်အားထုတ်ဖို့လာပြီး ဆွေးနွေးနေကြတာ ရှိပါတယ်” ဟု ဒေါက်တာဇော်ဦးက ပြော သည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးလူဦးရေ၏ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိသေးသည်။
လက်ရှိတွင် ဓာတ်အားခနှုန်းထားများကို အိမ်သုံး တစ်ယူနစ်မှ ယူနစ်တစ်ရာအထိ ၃၅ကျပ်နှုန်း၊ ၁ဝ၁ ယူနစ် မှအထက်ကို ၅ဝ ကျပ်နှုန်းနှင့် စက်မှုလုပ်ငန်းသုံး တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိ ၁ဝဝ ကျပ်နှုန်း၊ ၅ဝဝ၁ ယူနစ်မှ အထက်ကို ၁၅ဝ ကျပ်နှုန်းဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလမှ စတင်သတ်မှတ်ကောက်ခံနေလျက် ရှိသည်။
ထင်လင်းအောင် | mizzima
မှတ်ချက်များ