ပြတင်းပေါက် မပါတဲ့ ရုံးခန်းတွေမှာ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေဟာ ကောင်းမွန်တဲ့ ကျန်းမာရေးကို မပိုင်ဆိုင်နိုင်
အများစုက သူတို့ရုံးခန်းကို ရောက်လာကြပြီဆိုရင် ပထမဦးဆုံး လိုချင်ကြတဲ့ အရာတစ်ခုက တံခါးပေါက် ပဲဖြစ်တယ်။ ဒုတိယတစ်ခုက သဘာဝအလင်းရောင် ၀င်ရောက်နိုင်တဲ့ ပြတင်းပေါက်ကလေးပဲပေါ့။
အရာရှိဝန်ထမ်းတွေတွေကသာ ဒုတိယအချက်ကို ရရှိနေကြပါတယ်။ ဒါပေမဲ့ ပြတင်းပေါက်တွေ ထား ရှိပေးခြင်းဟာ ရုံးဝန်ထမ်းတွေမှာ ကြီးမားတဲ့ရင်းနှီးမှုတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။
ပြတင်းပေါက်မရှိတဲ့ ရုံးခန်းက ၀န်ထမ်းတွေဟာ တစ်ညအိပ်ချိန် ၄၅ မိနစ်ကို ဆုံးရှုံးနေကြတယ်လို့လည်း ဆို ပါတယ်။ သူတို့အလုပ်မှာ သဘာဝအလင်းရောင်နဲ့ ထိတွေ့ခံစားနေရတဲ့ သူတွေနုဲ့ အလုံပိတ်ရုံးခန်းတွေမှာ အလုပ်လုပ်နေကြရတဲ့ ၀န်ထမ်းတွေရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်လေ့လာတဲ့အခါ ပြတင်းပေါက်နားမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေနဲ့ လုံလောက်တဲ့ အိပ်စက်အ နားယူမှု ရရှိတယ်ဆိုတာ တွေ့ရပါတယ်။ အိပ်ချိန်ကို စောင့်ကြည့်တိုင်းတာတဲ့ အခါ ပျှမ်းမျှအားဖြင့် တစ်ညကို ၄၆ မိနစ် ပိုအိပ်ကြတယ်လို့ သိရပါတယ်။
အလင်းရောင်နဲ့ အထိအတွေ့မရှိတဲ့ အလုပ်သမားတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တဲ့ အချိန်နည်းပါးလာ တာကြောင့် ကျန်းမာရေးအရ အကျိုးဆက်တွေ အများကြီးရရှိနေကြပါတယ်။ ပြတင်းပေါက်ဝနား နေရာရ ထားတဲ့ သူတွေဟာ ပိုမိုလန်းဆန်းတက်ကြွပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ကို ရရှိနေကြတယ်။
ပြတင်းပေါက်တွေ တပ်ထားတဲ့ အဆောက်အဦးတွေကို တည်ဆောက်ရာမှာလည်း ကုန်ကျစရိတ်ပါသက် သာပြီး ရင်းနှီးမြုပ်နှံမှုကြီး တစ်ခုလည်းဖြစ်တာကြောင့် အကျိုးကျေးဇူးများစွာကို ရရှိစေတယ်လို့ လေ့လာ သုံးသပ်သူတွေက အခိုင်အမာပြောဆိုထားပါတယ်။
Trend Myanmar

မှတ်ချက်များ