မြန်မာနိုင်ငံသား ၄ ဦးအား လူသတ်မှုများဖြင့် ဖော်ထုတ်ဖမ်းဆီးပြီ

Photo : Thestar
ယနေ့ ကူလိုင်း ဂျာရာ ရဲဌာနမှ မြန်မာနိုင်ငံသား ၄ ဦးအား အခြား မြန်မာနိုင်ငံသား များအား သတ်ဖြတ်သည့် ပစ်မှုဖြင့် ဖော်ထုတ် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ယနေ့ထုတ် မလေးရှား နိုင်ငံ ပိုင်သတင်ဌာနများက ထုတ် လွှင့် ကြော်ငြာသွားသည် ။

ဖမ်းဆီးမှုအား ရှင်းလင်း ပြောကြားရာတွင် အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးသည် ၂၉.၇.၂၀၁၄ တွင်အခြား မြန် မာနိုင်ငံသား တစ်ဦးအား သတ်ဖြတ်ပြီး ခန္ဒာကိုယ်အား အစိတ်စိတ်ပိုင်းကာ စိတ်အပိုင်းများကို အမှိုက်အိတ် အမဲများဖြင့် ခွဲထည့်ပြီး အဝေးပြေး လမ်းမတွင် သွားရောက် လွင့်ပစ်ရာမှ ယာဉ်မတော်တဆဖြစ်ကာ ဖမ်းဆီး မိခဲ့ကြောင်း THESTAR သတင်းဌာနက ရေးသားထားသည်ကိုတွေ့ရသည် ။

အဆိုပါ လေးဦးဖြစ်သည့် မျိုးမြင့် နှင့် မိုဟာမက် ဟတ်ဆန်အလီ တို့အား စစ်ဆေး မေးမြန်းပြီး ဖြစ်သော် လည်းအခြား ၂ ဦးဖြင့်သူ ရှာဟစ် အုတ်မန်း နှင့် ဟာဂျီအစ်မေးလ် တို့မှာ ဘာသာစကားအခက်အခဲကြောင့် စက်တင်ဘာ ၂၄ သို့ ဆက်လက် ရုံချိန်း ပေးထားကြောင်းကိုလည်း သတင်းဌာနက တင်ဆက်သွားခဲ့သည် ။

အခြား မြန်မာနိုင်ငံသား နောက်ထပ်တစ်ဦး ဖြစ်သည့် ကိုသက်အား ၁.၈.၂၀၁၄ တွင် ဖြတ်သူမှာလည်း အဆို ပါ လေးဦးပင်ဖြစ်ကြောင်း သတင်းဌာနက တင်ဆက်သွားခဲ့သည် ။

သတ်ဖြတ်ထားသည့် သူ၏ ခန္ဒာကိုယ် အစိတ်အပိုင်းများအား တောင်မြောက်အဝေးပြေး လမ်းမကြီး တောင် ပိုင်းမိုင်တိုင် ကီလိုမီတာ ၂၁ ကီလို တိုင်အမှတ်အနီး တွင် သွားရောက်လွတ်ပစ်ကြောင်း။ ကားမောင်းပေးသူ ISMAL AHMAD ဆိုသူမှာလည်း လွန်းခဲ့သော ၂၀၁၄ (၁၀) နှစ်ခန့်က မဆင်မခြင် ကားမှောင်နှင်မှုကြောင့် လမ်းလယ် သတ္တူကာဘာများကို ဘတ်စ်ကားဖြင့် ဝင်တိုက်မှုကြောင့် ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ဖူး သူဖြစ်ကြောင်း။

အဆိုပါ ပစ်မှုတရားခံများကို အပစ်ပေးနိုင်ရန် DPP Siti Asmah Zainal Arrifin ဆိုသည့် ရဲအရာရှိမှ တရား လိုဆောင်ရွက် သွားသည့် အကြောင်း ကိုယနေ့မလေးရှားနိုင်ငံထုတ် Thestar , Barnama , News straight time စသည့် သတင်းဌာနများတွင် ယနေ့အထူးသတင်းအဖြစ် တင်ဆက်သွားခဲ့ကြောင်းတွေ့ရသည် ။

Ref : Thestar , Banama , News Straight Time
မလေးရှားရောက်မြန်မာများ facebook စာမျက်နှာ

မှတ်ချက်များ