ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ခိုးယူသူများအား စုံစမ်းဖော်ထုတ် အရေးယူထား

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ရှမ်းပြည်နယ်၊ ညောင်ရွှေ မြို့နယ်၊ သန်းတောင်ကျေးရွာ၊ မွေတော် ဘုန်းကြီး ကျောင်း ရှိ ရွှေချ ထားသော ဉဏ်တော်အမြင့်(၂)ပေ ခန့်၊ ရှေးဟောင်း သစ်သား ဗုဒ္ဓရုပ်ပွား တော်(၁)ဆူ၊ တန်ဘိုးငွေ ကျပ်သိန်း(၁၀၀)ခန့်မှာ ပျောက်ဆုံး သွားကြောင်း သပြေပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘချစ်၏ ဖုန်းဖြင့်တိုင်ကြား ချက်အရ နန်းပန်မြို့မ ရဲစခန်း (ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူနှင့်ဗုဒ္ဓရုပ်ပွားတော်အား ပြန် လည်ရရှိရန် နန်းပန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ မသင်္ကာသူ ညောင်ရွှေမြို့နယ်၊ ရွာကြီး မြောက်အထက်ရွာနေ သန်းဦး(ခ)အယ်ပန်း(၄၂)နှစ်အား အမှုဖြင့်စစ်မေးခဲ့သည်။

ထိုသို့ မေးမြန်းရာ ၎င်းနှင့်အတူ ညောင်ရွှေမြို့နယ်၊ ရွာလည်ရပ်နေ မျိုးသန်းစိုး(ခ)အယ်ချို(၃၉)နှစ်၊ ညောင်
ရွှေမြို့၊ ချောင်းဆုံရွာနေအယ်အော်(ခ)စောနောင်တို့နှင့်အတူ မွေတော်ဘုန်းကြီးကျောင်းမှ ပျောက်ဆုံးသွား
သည့် ဗုဒ္ဓရုပ်ပွားတော်အား ခိုးယူခဲ့ကာ ဘုရားနီကျေးရွာနှင့် သန်းတောင်ကျေးရွာကြားရှိ လမ်းဘေးချုံအ တွင်းဝှက်ထားခဲ့ကြောင်း သိရှိရ၍ သက်သေများနှင့်အတူ သွားရောက်ရှာဖွေသိမ်းဆည်းခဲ့ပြီး သန်းဦး(ခ) အယ်ပန်းပါ (၃)ဦးတို့အား ဥပဒေနှင့်အညီဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်များ