အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား မိသားစုဝင်များမှ အပ်နှံပေးခဲ့သဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ သြဂုတ် ၁၁၁၅.၇.၂၀၁၄ ရက်နေ့၂၀၀၀အချိန် တွင် လှိုင်သာယာမြို့နယ်၊ အလယ်ရွာကျေးရွာ
နေ ဒေါ်မြင့်မြင့်စန်းသည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစိုးလွင်၊ (၅၄)နှစ်နှင့် တူဖြစ်သူ မင်းအောင်၊ (၃၂)နှစ်တို့အား အ လယ်ရွာ၊ အနော်ရထာလမ်းပေါ်၌လဲကျနေသည်
ကိုတွေ့ရပြီး အရက်မူးလဲကျသည်ထင်၍ လှိုင်သာ ယာဆေးရုံသို့ တင်ပို့ကုသခဲ့ရာ ခင်ပွန်းဖြစ်သူမှာ မျက် ကွင်းညိုမဲဒဏ်ရာဖြင့် သတိလစ်နေပြီး တူဖြစ်သူတွင် လည်းနှာခါင်းနှင့် ၀ဲနားတို့၌ ဖူးရောင်ဒဏ်ရာများရရှိထား သည်ကိုတွေ့ရှိရပါသည်။

၎င်းတို့(၂)ဦးမှာ ဒဏ်ရာများမသက်သာသဖြင့် ၁၆.၇. ၂၀၁၄ ရက်နေ့တွင် အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသ စဉ် ခင်ပွန်း ဦးစိုးလွင်မှာ ၂၀၄၅ အချိန်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့၍ စုံစမ်းခဲ့ရာ တစ်ရွာ တည်းနေ ကရင်(ခ) ဇာနည်ထွန်းဆိုသူမှ ၎င်းတို့(၂)ဦးအား လက်သီးဖြင့်ထိုးခဲ့ သဖြင့် ခင်ပွန်းဖြစ်သူလဲကျ သွားစဉ် ကွန်ကရစ်လမ်းနှင့် ဦးခေါင်းတို့ဆောင့်မိခဲ့ပြီး ဒဏ်ရာရရှိသေဆုံးခြင်းဖြစ်ကြောင်း သိရှိ ရသောေ ကြာင့် ကရင်(ခ)ဇာနည်ထွန်းကို အရေးယူပေးရန် တိုင်တန်းချက်အရလှိုင်သာယာမြို့မရဲစခန်း (ပ)၁၀၀၆ /၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၅ ဖြင့် အမှုဖွင့် အရေးယူကာ ကရင်(ခ)ဇာနည်ထွန်းအား ဖမ်းဆီးရမိရေးဆောင် ရွက်ခဲ့ပါသည်။

လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုမှပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံ စမ်းဆောင်ရွက်ခဲ့ပြီး မိသားစုများ၊ ဆွေမျိုးများနှင့်တွေ့ဆုံ၍ အမှုအား လာရောက်ရင်ဆိုင်ဖြေရှင်းရန် စည်းရုံးပြောဆိုခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေသူ ကရင်(ခ)ဇာနည်ထွန်းအား မိသားစုများမှစုံစမ်း ဆက် သွယ်ခဲ့ပြီး ၉.၈.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်ချုပ်ရေးမှူး မှတစ်ဆင့် အပ်နှံပေးခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

yangon police

မှတ်ချက်များ