၁၁.၈.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် မြောက်ဥက္က လာပမြို့နယ်၊ (င)ရပ်ကွက်ရှိ Orange Super market တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ၎င်း Super market ၏နောက်ဘက်ရှိ ပစ္စည်းများ သိုလှောင်ထားသော အခန်း မျက်နှာ ကျက်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ကာ ပစ္စည်း များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ် ယာဉ် များ ရောက်ရှိ ငြှိမ်းသတ်ခဲ့ရာ ၀၂၀၀အချိန်တွင် မီး ငြိမ်းသွားခဲ့ပြီး တန်ဖိုးငွေကျပ် (၂၅)သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မီးလောင်မှု ဖြစ်ပွား ခဲ့သည့်အတွက် လုံခြုံရေး ၀န်ထမ်းဖြစ်သူ ဦးမောင်မောင်ကြည်နှင့် ဆိုင်တာ ၀န်ခံဖြစ်သူ မခိုင်ခိုင်ဇင်တို့(၂)ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၅၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ